အိပ်စက်သူတစ်ယောက်ရဲ့ နှုတ်ဆက်စကား


မှောင်မိုက်မိုက် ညသန်းခေါင်မှာ
လောင်မြိုက်မြိုက် ငါ့ရဲ့အသည်းက
မင်းကို တမ်းတလေနေရဲ့…

ထိန်းမရတဲ့ ငါ့ရဲ့စိတ်ထဲက
အဝေးကိုလွင့်နေခဲ့တာ
ဟိုကမ္ဘာတစ်ဖက်ဆီ…


ရမ်သမ်မညီတဲ့ သီချင်းတစ်ပုဒ်ကို
ကီးမညီတဲ့ ဂစ်တာတစ်လက်နဲ့
တီးခတ်ကြည့်တော့ နာကျည်းချက်တွေက
အဝေးကိုထွက်ပြေးသွားပြီ
မပြေးတာက မင်းကိုချစ်တဲ့စိတ်…

အေးမြတဲ့ညဝတ်ရုံက ငါ့ကိုအိပ်စက်စေဖို့
အသင့်ပြင်နေပြီ…
ငါအိပ်စက်တော့မယ်…
ထာဝရ အိပ်စက်တော့မယ်… ငါ… ငါ…
ဘယ်တော့မှ ပြန်မထတော့တဲ့
အိပ်စက်ခြင်းနဲ့ အိပ် စက် တော့ မယ်…

ငါသာအိပ်စက်သွားပေမယ့်
ဘယ်တော့မှ မအိပ်စက်မှာက
မင်းကိုချစ်တဲ့ ငါ့ရဲ့နှလုံးသား…

ငါ့နှလုံးသွေးမရပ်တန့်သမျှ
မင်းရဲ့ဘဝ ပျော်ရွှင်စေသား…

လင်းယံခ
111112 1112

0 comments: