ညီမလေးရေ...

ညီမလေးရေ.....
မှောင်မိုက်နေတဲ့ညတွေမှာ အကိုဟာ
ညီမလေးအတွက် လမ်းပြကြယ်လေးပေါ့...
ချမ်းအေးလှတဲ့ ရက်တွေမှာ
ကိုယ့်ရဲ့အငွေ့အသက်လေးတွေနဲ့
နွေးထွေးစွာ ထားပေးမယ့်သူပါ...
ညီမလေး ပူပြင်းနေချိန်မှာတော့
ကိုဟာ နွေလေရူးလေးပေါ့...
စိတ်ညစ်နေတဲ့ ညီမလေးအတွက် Joker
ပျော်ရွှင်နေတဲ့ ညီမလေးအတွက် မှန်တစ်ချပ်လိုငါ...
ညီမလေးပျော်ရွှင်ဖို့အတွက် မငြင်းဆန်ဝံ့ဘူး
ကိုယ့်အသွေးအသား၊ နှလုံးသားကိုယူ
ညီမအတွက် စတေးဝံ့သူ...

လင်းယံခ

0 comments: