၂၀၁၄-ခုနှစ် - အားလုံးအတွက် ဂဏန်းဗေဒင် ကံကြမ္မာဟောကိန်း


၁၊ ၁၀၊ ၁၉၊ ၂၈ ရက်များတွင် မွေးဖွားသော (၁) ဂဏန်းသမားများ

ဘာရောဂါမှန်းမသိတဲ့ ကျန်းမာရေးညံ့တာမျိုးကို သတိထား။ အမှုပြဿနာတွေကို သတိထား။ ဓားခုတ်ရာ လက်ဝင်လျှိုမိတတ်တာတွေကို သတိထား။ ရာထူးတိုးသလို၊ ထီပေါက်၊ မဲပေါက်၊ ဆုရသလို ကံထူးတာမျိုး (သို့မဟုတ်) အနုပညာကဲ့သို့ အလုပ်တွေမှာ တစ်ဟုန်ထိုး နာမည်ကြီးသွားတာတွေတော့ ကြုံရလိမ့်မယ်။
၂၊ ၁၁၊ ၂၀၊ ၂၉ ရက်များတွင် မွေးဖွားသော (၂) ဂဏန်းသမားများ 
ဘာသာရေးလုပ်လေ ကံကောင်းလေဖြစ်မယ်။ အတိတ်က ပြုခဲ့တဲ့ ကုသိုလ်ကံ၊ ကြိုးစားခဲ့တဲ့ရလာဒ်တွေ လာပြီး အကျိုးပေးလိမ့်မယ်။ ထီထိုးပါ။ ပြည်တွင်း ပြည်ပခရီးကောင်းတွေ၊ ဘုရားဖူးခရီးတွေလည်း သွားရလိမ့်မယ်။ ပညာရေးဆိုင်ရာ ထူးချွန်မယ်။

၃၊ ၁၂၊ ၂၁၊ ၃၀ ရက်များတွင် မွေးဖွားသော (၃) ဂဏန်းသမားများ
အိမ်ပြောင်း၊ နေရာပြောင်း၊ အလုပ်ပြောင်းဆိုတဲ့ ဘဝအခြေအနေ အပြောင်းအလဲတွေ ကြုံလာမယ်။ ကောင်းသောအပြောင်းအလဲတွေ ဖြစ်မှာပါ။ ကား၊ ယာဉ်၊ စက် အဖိုးတန်အသုံးအဆောင်တွေ ဝင်လာမယ့်အချိန်ပါပဲ။

၎၊ ၁၃၊ ၂၂၊ ၃၁ ရက်များတွင် မွေးဖွားသော (၄) ဂဏန်းသမားများ 
အလုပ်နှစ်မျိုး၊ တာဝန်နှစ်မျိုး၊ နေရာနှစ်မျိုး ဆိုတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဆုံးရှုံးနစ်နာထားခဲ့ရတဲ့ အရာတွေ ပြန်ပြီးရတတ်ပါတယ်။ အမှုပြဿနာ၊ ကျန်းမာရေးပြဿနာ မဖြစ်စလောက်ကလေး ရှိတတ်တယ်။ လာဘ်ကတော့ အလွန်ရွှင်မယ့် နှစ်ပါပဲ။

၅၊ ၁၄၊ ၂၃ ရက်များတွင် မွေးဖွားသော (၅) ဂဏန်းသမားများ
 ဟိုဟာလုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရ ကောင်းနိုးနိုးနဲ့ပဲ အချိန်တွေ ကုန်သွားတတ်ပါတယ်။ ဘာမဆိုစိတ်ရှည်ရှည် ခေါင်းအေးအေးနဲ့ တိုင်တိုင်ပင်ပင် လုပ်သင့်ပါတယ်။ စိတ်ဆိုးမာန်ဆိုးနဲ့ အိမ်ကထွက်သွားတာ၊ အလုပ်က ထွက်ပစ်လိုက်တာ၊ တစ်ဇွတ်ထိုး ဆုံးဖြတ်မိတာမျိုးတွေ သတိထားပါ။ ရာထူးတိုးသလို၊ မဲပေါက်သလို၊ ဆုရသလိုမျိုးတွေတော့ ကြုံလာရတတ်ပါတယ်။

၆၊ ၁၅၊ ၂၄ ရက်များတွင် မွေးဖွားသော (၆) ဂဏန်းသမားများ
အစီအစဉ်အသစ်တို့၊ အိမ်ပြောင်း၊ နေရာပြောင်း၊ အလုပ်ပြောင်းတို့ အလုပ်သင့်ဆုံးနှစ်ပါပဲ။ ပြောင်းမှလည်းကောင်းမယ်။ လက်ရှိနေရာ၊ လက်ရှိအလုပ်မှာ  အန္တရာယ်များတတ်ပါတယ်။ စိတ်ကူးစိတ်သန်းအသစ်၊ အစီအစဉ်အသစ်များနဲ့ ကြိုးစားသင့်တဲ့အချိန်ပါပဲ။

၇၊ ၁၆၊ ၂၅ ရက်များတွင် မွေးဖွားသော (၇) ဂဏန်းသမား 
မိဘဆရာ၊ ကြီးကဲသူတို့ရဲ့ အကူအညီ ကြီးကြီးမားမားတွေ ရတတ်ပါတယ်။ အမွေရသလို၊ ထီပေါက်သလို ကြုံရတတ်ပါတယ်။ မပြေမလည်ဖြစ်နေတဲ့ကိစ္စတွေ ပြေလည်သွားလိမ့်မယ်။ အဖိုးတန်ပစ္စည်းတွေ တစ်ခုပြီးတစ်ခုဝင်လာပြီး သိသိသာသာ စုမိဆောင်းမိဖြစ်လာမယ့်နှစ်ပါပဲ။

၈၊ ၁၇၊ ၂၆ ရက်များတွင် မွေးဖွားသော (၈) ဂဏန်းသမားများ
မိသားစုအတွင်း၊ လုပ်ငန်းခွင်အတွင်း ပြဿနာတွေ တစ်မျိုးပြီးတစ်မျိုး ရှုပ်နေတတ်ပါတယ်။ သူတစ်ပါးရဲ့ကိစ္စအတွက် ခေါင်းခံပြီး ဖြေရှင်းရတတ်ပါတယ်။ စာပေဆိုင်ရာ၊ အနုပညာဆိုင်ရာ၊ အများပရိသတ်နဲ့ဆက်နွှယ်နေတဲ့ အလုပ်မျိုးတွေမှာတော့ အထူးထွန်းေ ပါက် အောင်မြင် သွားမယ့် အချိန်ပါပဲ။

၉၊ ၁၈၊ ၂၇ ရက်များတွင် မွေးဖွားသော (၉) ဂဏန်းသမားများ
 သေမြေကြီး၊ ရှင်ရွှေထီးဆိုတာမျိုးတွေ ကြုံလာရတတ်ပါတယ်။ ဘာမဆို ပုံမှန်အခြေအနေမှာ မဟုတ်ဘဲ ကောင်းနေပြီဆိုရင် သူများလိုက်မမှီ၊ ဆိုးပြီဆိုရင်လည်း သူများကယ်လို့ မရနိုင်လောက်အောင် ဘဝမှာ အတက်အကျ ကြမ်းတတ်ပါတယ်။ ဘာအလုပ်ကိုပဲလုပ်လုပ် အတိုက်အခံ အပြိုင်အဆိုင်တွေနဲ့ နပန်းလုံးပြီးမှ အောင်မြင်မှုရတတ်ပါတယ်။
(ဆရာဇင်ယော်နီ ကံကြမ္မာဖတ်သည် -  မနောမယဂျာနယ်)

0 comments: