ညီမလေးထံသို့


ရင်ခုန်တတ်စ နုနယ်တဲ့အရွယ်မှာ
တစ်ခဏတာ သာယာမှုအတွက်
မိမိရဲ့ တစ်ဘဝတာကို မလဲချင်စမ်းပါနဲ့
ချစ်ညီမလေးရယ်....

မိမိချစ်သူကို ပေးဆပ်ချင်လွန်းတယ် ဆိုရင်
အနှစ်နှစ်အလလ ကျွေးမွေး စောင့်ရှောက် ခဲ့ကြတဲ့ မိဘတွေကိုရော ကျေးဇူးဆပ် ပြီးပြီလား ပြေးမြင်စမ်းပါကွယ်...

ပညာအသိ ဘဝမှာ သတိကလေး
ရှိကာရယ် မိန်းကလေးတို့ တန်ဖိုး
ထိန်းသိမ်းတတ်ဖို့ အရေးကြီးပါတယ်...

မြန်မာမှန်ရင် တန်ဖိုးကို စံထားတတ် တာမို့
မြန်မာမျိုး ထိန်းသိမ်းရအောင်
အများမိုက်လည်း မမိုက်ပါနဲ့လား
ချစ်ညီမလေးရယ်.......

ညီမလေးကို တန်ဖိုးထားတဲ့ အကို...

0 comments: