၂၀၁၄ခုနှစ် အတွက်မေထုန်ရာသီဖွားများ၏ တစ်နှစ်စာပောာစာတမ်း
ပိုစ့်တင်သူက >> Linn Yan Kha at 12:26 AM
ဇန်န၀ါရီ၊ ဖေဖော်ဝါရီ၊ မတ်
- စပ်တူရှယ်ယာလုပ်ငန်းများ မိမိထံရောက် လာတတ်သော်လည်း
- လုပ်ငန်းနှောင့်နှေးကြန့်ကြာမှုနှင့် ငွေကုန်ကျတတ်မှုသတိပြုပါ။
- အိမ်၊ ခြံ၊ မြေနှင့်ပတ် သက်၍ သတိထားဆောင်ရွက်သင့်သည်။
- အိမ်ထောင် ဘက်ကောင်းရ၍ အိမ်ထောင်ရေး သာယာမှုရှိမည်။
- မိခင်ကျန်းမာရေးညံ့နိုင်သည်။ ပညာရေး ကောင်းမွန်မည်။
- ကျန်းမာရေးသတိထားသင့်သည်။
ဧပြီ၊ မေ၊ ဇွန်
- မိမိထံသို့ လုပ်ငန်းများ ရောက်ရှိလာတတ်သည်။
- လုပ်ငန်းတွင် အိမ်ထောင်ဘက်၏ အကူအညီ ရရှိတတ်သည်။
- ခြံ၊ မြေ၊ အိမ်ပြဿနာဖြစ်မှုဂရုပြုပါ။ ပညာရေးကောင်းမွန်မည်။
- ဘွဲ့လွန်သင်တန်းများတက်ရောက်သင်ယူရတတ်သည်။
- ချစ်သူကောင်းတွေ့မည်။ သားသမီးအကျိုးခံစားရမည်။
- ကျန်းမာရေးတွင်ဆီးနှင့် ပတ်သက်သောရောဂါများ သတိထားပါ။
ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ
- လုပ်ငန်းကိစ္စ ကောင်းမွန်မည်။ မိတ်ဆွေကောင်း၏ ကူညီမှုရရှိတတ်သည်။
- ယှဉ်ပြိုင်မှုများအနိုင် ရတတ်သည်။
- အိမ်ထောင်ဘက်၏ လုပ်ငန်းအောင်မြင်မှု ရရှိတတ်သည်။
- သားသမီးအတွက် စိတ်အေးရတတ်သည်။
- ပညာရေးကောင်းတတ်သည်။
- အချစ်ရေးတွင် အကောင်း အဆိုး ဒွန်တွဲနေတတ်သည်။
- ကျန်းမာရေးတွင် လေနှင့်ပတ်သက်မှုမှန်သမျှ သတိပြုပါ။
အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ
- ၀င်ငွေများများရရှိတတ်သည်။
- ယှဉ်ပြိုင်သူအား အနိုင်ရတတ်သည်။
- ပညာရေးကောင်းမွန်သော်လည်း ဇွဲ၊ လုံ့လ၊ ၀ီရိယအားနည်းမှုသတိပြုပါ။
- နိုင်ငံရပ်ခြားပညာသင်ခရီးရှိမည်။
- ဘာသာရေးတွင် ရွတ်ဖတ် လျှင် မိမိအတွက်အကျိုးရတတ်သည်။
- အိမ်ထောင်ဘက် ကောင်းရတတ်သည်။ ကျန်းမာရေးကောင်းမွန်မည်။
Labels:
၂၀၁၄ ဟောစာတမ်းများ
0 comments: