ချစ်သူများနေ့မှာ အပျိုစင်ဂုဏ်မရောင်းစားမိစေချင်

Shin Thant May Myinttarshinmalay's photo of Soe Htet, Khin Sandahtun, Ulay Tint and 18 other people.
မိန်းကလေးတစ်ယောက်ရဲ့ဘ၀မှာဘာအရေးကြီးဆုံးလဲ။
ငွေကြေးလား ပစ္စည်းဥစ္စာလား ဂုဏ်ပကာသနလား ဣနြေ္ဒသိက္ခာလား။
အားလုံးကအရေးကြီးပေမယ့် တကယ်တမ်းတော့ မိန်းကလေးတစ်ယောက်မှာ
ဣနြေ္ဒသိက္ခာဆိုတာ အရေးအကြီးဆုံးအရာပါ။


မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို
ဣနြေ္ဒသိက္ခာဆိုတဲ့ အရာနဲ့တန်ဖိုးဖြတ့်တိုင်းတာသွားတာပါ။
ငွေကြေးရှိတိုင်းလည်း ၀ယ်လို့မရသလိုဂုဏ်ပကာသနရှိတိုင်းလည်းမရနိုင်ပေ။

မိန်းကလေးတစ်ယောက်ရဲ့အဓိကလိုအပ်ချက် ဣနြေ္ဒသိက္ခာပါ။ အခုခေတ်မိန်းကလေးတွေ တော်တော်များများဟာ ဣနြေ္ဒသိက္ခာလျစ်လျူရှုထားကြသည်။

တကယ်တော့ ဘယ်နိုင်ငံဘယ်ယဉ်ကျေးမှုမှာဖြစ်ဖြစ် ဣနြေ္ဒသိက္ခာဆိုတာ တန်ဖိုးထားနေကြတဲ့အရာပါ။

တကယ်ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်းမှာဆိုရင် ဣနြေ္ဒသိက္ခာကိုပဲ တန်ဖိုးထားနေကြဆဲပါ။ နိုင်ငံခြားဇာတ်လမ်းတွဲတွေကို အားကျပြီးတော့ အတုလိုက်ခိုးကြတယ်ဆိုရင် သူတို့တွေရဲ့
အချစ်နဲ့ ဖက်ရှင်တွေကိုပဲ အတုလိုက်ခိုးနေလို့တော့ မဖြစ်သေးပါ။
သူတို့ဘာတွေတိုးတတ်နေလည်း စူးစမ်းလေ့လာသင့်သည်။

ဣနြေ္ဒသိက္ခာဆိုတာကို တစ်ခြားနိုင်ငံတွေအနေနဲ့ရော ကျွန်မတို့နိုင်ငံအနေနဲ့ရော
တကယ်တန်းဖိုးထားဆဲပါ။

ပျက်စီးနေတဲ့ မင်းသမီးတစ်ယောက်ကို
ကောင်မလေးတွေပါးစပ်မှာ ကောင်လေးတွေပါးစပ်မှာ လူကြီးတွေပါးစပ်မှာ
ကလေးတွေပါးစပ်မှာ အကောင်းပြောကြလား ကဲ့ရဲ့ကြသလား?

နာမည်ကြီးမင်းသမီးဖြစ်စေ အာဏာရှိတစ်ဦးဦး၏ လူမှုရေးဖေါက်ပြန်မှုတွေလုပ်ခဲ့ရင် မီဒီယာတွေက ဒီအတိုင်းထိုင်ကြည့်နေနိုင်ပါ့မလား?

လူတွေပါးစပ်မှာ ဘာမှမပြောဘဲနေနိုင်ကြပါ့မလား?
တကယ်တော့ မိန်းကလေးတစ်ယောက်ရဲ့ ဣနြေ္ဒသိက္ခာဆိုတာ ကိုယ်တိုင်ပြုပြင်မှရတာပါ။

အခုခေတ် ရည်းစားရှိတဲ့
မိန်းကလေးတော်တော်များများကတော့ သူတို့ရဲ့ရည်းစားတွေကို ချစ်လို့တစ်မျိုး
ကိုယ်တိုင်စူးစမ်းချင်စိတ်ကြောင့်တစ်မျိုး အလွယ်တကူ လိုက်လျောတတ်ကြပါသည်။
ချစ်တယ်ဆိုတာနဲ့ ကိုယ်ဘ၀ကိုပုံအပ်တာတခြားစီပါ။

တကယ်တော့ အချစ်ဆိုတာတစ်ခြား လိုက်လျောတယ်ဆိုတာတစ်ခြားပါ။
ရောထွေးထားလို့မရတဲ့ အရာနှစ်ခုပါ။ ချစ်လို့လိုက်လျောမိတယ်ဆိုတာမှန်ပေမယ့်
ကိုယ့်ရဲ့ဣနြေ္ဒသိက္ခာအတွက် ထိန်းသိမ်းရမယ့်တာဝန်က ကိုယ့်မှာပဲရှိတာပါ။

မသိလို့တစ်ခါမိုက်မှားမိတယ်ဆိုရင် နောက်တစ်ခါမမိုက်မိဖို့ကို ကိုယ်ကပဲထိန်းသိမ်းရမှာပါ။

တကယ်လို့ ကိုယ်ချစ်သူနဲ့ကိုယ် လက်မထပ်ဖြစ်ခဲ့ရင်
မိန်းကလေးတစ်ယောက်အတွက်တော့ ဘ၀ပျက်တာပါပဲ။
ကိုယ်တကယ်လက်မထက်ပေးပဲ ကိုယ်ဘ၀ကိုပုံမအပ်မိပါစေနဲ့။

ဒီစကားကို အခုခေတ်
လူငယ်တော်တော်များများကတော့ လက်ခံမယ်မထင်ပါဘူး။ ဘယ်သူသိတာမှတ်လို့ဆိုပြီးပြောကြမှာအသေအချာပါ။နည်းပညာပေါများတဲ့ခေတ်မှာ ဆေးတွေကလည်းပေါသည်။

ကိုယ်မပြောရင် တော်ရုံဘယ်လူမှမသိတာတော့
အမှန်ပါပဲ။ ဒါပေမယ့် ကြည့်ရုံနဲ့ ဘယ်သူပဲသိသိ မသိသိ ကိုယ့်ကိုကိုယ်တော့
မညာနိုင်ပါဘူး။

ဒီဘက်ခေတ်လူငယ်တော်တော်များများက living together ကိုတော်တော်များများလက်ခံလာကြတာရင်လေးစရာပါ။

ချစ်သူများနေ့မှာကိုယ်ရဲ့ အပျိုစင်ဂုဏ်ကို စွန့်လွှတ်ပြီး အဲဒီနေ့မှာ ချစ်သူနဲ့ အတူတူ မရင်းနှီးသင့်တဲ့ဘ၀တစ်ခုကို စတင်ကြမယ်ဆိုတဲ့ အလေ့အထ မြန်မာပြည်မှာ ရှိနေပြီ ဆိုတာပါပဲ။လူငယ်တွေတော်တော်များများကချစ်သူများနေ့မှာ
သာမန်နေ့တွေမှာထက် ချစ်သူများနေ့မှာ စုံတွဲတွေ အတူ အိပ်ကြတာ အဓိပ္ပာယ် ပိုရှိတယ်၊ပိုပြီးလေးနက်မှုကို ပြတယ်လို့ ဆိုကြတယ်။အခုခေတ်မှာ လူငယ်တွေတော်တော်များများက အတူတူနေတဲ့ကိစ္စကို ပွင့်လင်းတယ်လို့ မြင်လာလက်ခံလာပြီး ဆယ်ကျော်သက်တွေ အ လယ် ချစ်သူတွေ
သဘာဝ တခုလို့ လက်ခံလာကြသည်။

ချစ်သူများနေ့ဟာ အနောက်နိုင်ငံက အစပြုခဲ့တဲ့ယဉ်ကျေးမူပါ၊ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပါဘူး။ချစ်သူတွေ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြတာ၊ ပန်းကလေးတွေပေးတာ၊ချောကလက်တွေပေးတာအရုပ်တွေပေးတာက ကြည်နူးစရာကောင့်ပေမယ့်မြန်မာယဉ်ကျေးမှုနဲ့မအပ်ဆက်တဲ့ Living together ဆိုတာလုံးဝမဖြစ်သင့်ပါဘူး။စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊ မိန်းကလေးတယောက် သိက္ခာ၊အရှက်တရား တန်ဖိုး၊
ယောကျာ်းတယောက်စောင့်ထိန်းသင့်တဲ့ကျင့်ဝတ်၊မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်တန်ဖိုးတွေနဲ့ပြည့်စုံနေတဲ့ အပျိုစင် ၊လူပျိုဆိုတဲ့ ဂုဏ်လေးကို မြန်မာ မိန်းကလေးတွေကစောင့်ရှောက်သင့်သလို၊ယောကျာ်းလေးများကလည်းမြန်မာယဉ်ကျေးမူကိုဂုဏ်ယူစွာနဲ့စောင့်ရှောက်ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

ကိုယ်ချစ်သူကိုချစ်တယ်ဆိုတာအပျိုဂုဏ်၊လူပျိုဂုဏ်ကိုပေးဆပ်မှချစ်တာမဟုတ်ပါဘူး

ကိုယ်ပြုလုပ်လိုက်တဲ့ကိုယ့်အရိပ်မဲကြီးက ကိုယ့်နောက်ကလိုက်နေမှာ အသေအချာပါ။
ကိုယ့်စိတ်ကိုတော့ ကိုယ်တိုင်ညာလို့မရပါဘူး။ တကယ်တမ်းလူတစ်ယောက်ကို
ချစ်နေတဲ့အချိန် အချစ်စိတ်တွေ များနေတဲ့အချိန်မှာ တခြားဘာကိုမှမစဉ်းစားမိပေမယ့်
အဲဒီအချိန်နောက်ပိုင်း ကိုယ်တစ်ယောက်တည်းရှိနေတဲ့အချိန်မှာ အေးဆေးသေချာ
စဉ်းစားကြည့်ပါ။

ကိုယ်သာဒီလူနဲ့ ပြတ်သွားလို့ နောက်တစ်ယောက်နဲ့
လက်ထပ်ရတော့မယ်ဆို အရင်လူနဲ့ ဘာတွေဘယ်လိုနေခဲ့တယ်ဆိုတာ
ပြန်စဉ်းစားကြည့်ရင် အခုကိုယ်နဲ့လက်ထပ်မယ့်လူကို မျက်နှာချင်းဆိုင်ဖို့ရဲရဲဝံ့ဝံ့ လက်ထပ်ရဲပါ့မလား။

ကိုယ်လိပ်ပြာကိုယ်သန့်ပြီး နေနိုင်ပါ့မလား။ ကိုယ့်ကိုကိုယ် အသိဆုံးပဲနေမှာပါ။
ဒါကြောင့် မိန်းကလေးတစ်ယောက်အတွက် ဘာကဘယ်လိုတန်ဖိုးရှိတယ်ဆိုတာ
နားလည်နေဖို့ လိုအပ်ပါတယ်။

ဖြစ်ပျက်ပြီးတော့မှ ကိုယ်ပြန်လိုချင်လို့မရတဲ့အရာဟာ
အရှက်နဲ့ ဣနြေ္ဒသိက္ခာပါ။ ငိုယိုပြီးတော့လည်းပြန်တောင်းဆိုလိုမရနိုင်သလို
ဘယ်လိုမှလည်းပြန်လည်ပြုပြင်ဖန်တီးလို့မရနိုင်တာ အပျိုစင်ဆိုတဲ့ဂုဏ်ပါ။

ခုချစ်သူများနေဲ့နီးလာလေလေ မိဘတွေရင်လေးရလေလေပါပဲ။
ချစ်သူများနေ့မှာ ကိုယ့်အရှက် ကိုယ့်ဣနြေ ကိုယ့်သိက္ခာကို မိဘမျက်ရည်နဲ့မလဲလှယ်မိပါစေနဲ့။

မိန်းကလေးတစ်ယောက်တန်ဖိုးကိုထိန်းသိမ်းတတ်ပါစေ။
ဖြစ်ပြီးတော့မှ ပေးပြီးတော့မှ ပြန်တောင်းလို့မရတဲ့အထဲ ပြန်ပြုပြင်လို့မရတဲ့အထဲမှာ
အရှက်နဲ့ ဣနြေ္ဒသိက္ခာကိုပြန်ပေးပါလိုလဲပါပါသည်။

တန်ဖိုးဆိုတာ ရှိနေတုန်းမှာ ထိန်းသိမ်းထားတတ်ဖို့လိုပါတယ်။ ကိုယ့်တန်ဖိုးထားမှ သူများတန်ဖိုးထားမည်။ တန်ဖိုးရှိလေ လူတွေပိုတန်ဖိုးထားလေးစားလေလေပါပဲ။

ဒါကြောင့် ချစ်သူများနေ့မှာ မိန်းကလေးတစ်ယောက်၏ အရှက်နဲ့ ဣနြေ္ဒသိက္ခာကိုမလဲလှယ်မိပါစေနဲ့။

မြန်မာမိန်းကလေးများ
သဇင်လိုပင်ယံထက်တင့်တယ်ပြီး
နှင်းဆီလိုကိုယ့်ကိုကိုယ်ထိန်းသိမ်း
စံပယ်လိုဖြူစင်
ခရေလိုလောကဓံကိုကြံ့ကြံ့ခိုင်နိုင်ပါစေ။

လေးစားလျက်
ရှင်းသန့်မေ

0 comments: