Mouse ကိုတီထွင်ခဲ့သူ Douglas Engelbart ကွယ်လွန်

Photo
ကွန်ပျူတာသုံး mouse ကို စတင် တီထွင်ခဲ့သူများထဲမှတစ်ဦးဖြစ်ပြီး ဆန်းသစ်သည့် စိတ်ကူးဉာဏ်ရှိသူ DouglasC. Engelbart သည် အသက် ၈၈ နှစ် အရွယ်တွင်  ကယ်လီဖိုးနီးယားပြည်နယ်၊ Atherton ရှိ ၎င်း၏နေအိမ်၌ ကွယ်လွန်သွားကြောင်း ABC သတင်းဌာနမှ အတည်ပြု ပြောကြားခဲ့သည်။
Engelbart သည် ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန် ရေတပ်တွင် ရေဒါပညာရှင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပထမဦးဆုံး GUI ကွန်ပျူတာများနှင့် ကွန်ပျူတာ mouse တို့ကို ဖန်တီးရန် ၁၉၅၀ ခုနှစ် နှောင်းပိုင်းတွင် စတင် စဉ်းစားခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် mouse အတွက် မူပိုင်ခွင့် ရရှိခဲ့ပြီး ထိုအချိန်က mouse ဆိုသည်မှာ ဘီးနှစ်ဘီးနှင့် ခလုတ်သုံးခုပါဝင်သော ထူထဲသည့် သစ်သားဖြင့် ပြုလုပ်ထားသည့် ကိရိယာတစ်ခု ဖြစ်သည်။ Engelbart ၏ mouse ကို ၁၉၈၃ ခုနှစ် Apple ကုမ္ပဏီ၏ Lisa ကွန်ပျူတာနှင့်အတူ စတင်ရောင်းချခဲ့ခြင်း မပြုမီအထိ လူသိများ ထင်ရှားခဲ့ခြင်း မရှိချေ။ Engelbart ၏ mouse ကို ၁၉၈၃ ခုနှစ်၊ Apple ကုမ္ပဏီ၏ Lisa ကွန်ပျူတာနှင့်အတူ စတင်ရောင်းချခြင်း မပြုမီအထိ လူသိများ ထင်ရှားခဲ့ခြင်း မရှိချေ။ Engelbart ကို mouse တီထွင်ဖန်တီးသူ အဖြစ်သာ အသိအမှတ်ပြုခဲ့ကြသော်လည်း ၎င်းသည် ကွန်ပျူတာ interface နှင့် networking စနစ်များအတွက်လည်း အလွန် အံ့သြဖွယ်ကောင်းသည့် ကိစ္စများကို ပြုလုပ်ပေးခဲ့သူဖြစ်ကြောင်း ABC သတင်းဌာနမှ ပြောကြားခဲ့သည်။ Engelbart သည် ၁၉၆၀ ခုနှစ်နှောင်းပိုင်းနှင့် ၁၉၇၀ ခုနှစ် အစောပိုင်းတို့တွင် အင်တာနက်၏ ရှေ့ပြေး ကွန်ပျူတာ ကွန်ရက်စနစ်ဖြစ်သော APRANET ကိုလည်း တီထွင်ခဲ့ကြောင်း သိရသည်။

0 comments: