မြန်မာစာပေသမိုင်း Website


ကျွန်တော်အနေနဲ့ မြန်မာစာပေသမိုင်းကို အွန်လိုင်းကနေ လေ့လာနိုင်စေဖို့ ကြိုးပမ်းနေတာ ၃လလောက် ရှိပြီဗျ... အခုတော့ 80% လောက်ပြီးစီးပြီမို့ ကြေညာလိုက်ရပါတယ်ဗျာ....

ကျွန်တော်တို့ မြန်မာစာပေကို ပြန်လည်တိုးတက်လာအောင် ဆောင်ရွက်ခဲ့တဲ့ ဆရာကြီး ဦးဖေမောင်တင် ရေးသားပြုစုခဲ့တဲ့ မြန်မာစာပေသမိုင်းဆိုတဲ့ စာအုပ်ကို
၁၉၃၈ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဇမ္ဗူ့မိတ်ဆွေတိုက်မှ စတင်ထုတ်ဝေခဲ့ပြီး သုဓမ္မဝတီတိုက်မှ ဒုတိယအကြိမ်အဖြစ် ၁၉၄၇ ၊ တတိယအကြိမ်အဖြစ် ၁၉၄၈ ၊ စတုတ္ထအကြိမ်အဖြစ် ၁၉၅၅ ၊ ပဉ္စမအကြိမ်အဖြစ် ၁၉၅၈ ခုနှစ်များတွင် ထုတ်ဝေခဲ့ကာ ၊ ဆဌမအကြိမ်အဖြစ် ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ်များပုံနှိပ်တိုက်တွင် လည်းကောင်း ၊ သတ္တမအကြိမ်အဖြစ် အောင်စည်စာပေတိုက်မှ ၁၉၇၁ ခုနှစ်တွင် လည်းကောင်း ၊ အဌမအကြိမ်အဖြစ် စိန်ပန်းမြိုင်စာပေတိုက်မှ ၁၉၇၇ ခုနှစ်တွင် လည်းကောင်း ၊ စံပယ်ဦးတိုက်မှ နဝမအကြိမ်အဖြစ် ၁၉၈၇ ၊ ဒသမအကြိမ်အဖြစ် ၂ဝဝ၃ ခုနှစ်များတွင် လည်းကောင်း ၊ ဧကဒသမအကြိမ်အဖြစ် ၂ဝ၁၃ခုနှစ်တွင် ရာပြည့်စာအုပ်တိုက်မှ ထုတ်ဝေခဲ့ပြီး ဖြစ်ပါသည်။

ဤ မြန်မာစာပေသမိုင်း Website ကို မြန်မာစာ၊ မြန်မာမှု အထူးပြု ကျောင်းသား၊ကျောင်းသူများ လွယ်ကူစွာ လေ့လာနိုင်ရန်အလို့ငှာ ရန်ကုန်တက္ကသိုလ် ကျောင်းအုပ်ကြီး ပါမောက္ခ ဆရာကြီး ဦးဖေမောင်တင် ရေးသားစီရင်အပ်သော မြန်မာစာပေသမိုင်း စာအုပ်အား ယခုလို လွှင့်တင်လိုက်ရခြင်း ဖြစ်သည်။

 Typing အဖြစ် ယွန်းနဒီ မိတ္တူမှ မေတ္တာဖြင့် ရိုက်ပေးကာ အပြင်အဆင်နှင့် PDF ထုတ်ဝေမှုကို ကျွန်တော် လင်းယံခမှ ပြုလုပ်ခြင်း ဖြစ်ပါသည်။

မြန်မာစာပေကို တစ်ခေတ်ဆန်းသစ်လာအောင် ဦးဆောင်ဦးရွက်ပြုခဲ့သော ဆရာကြီး ဦးဖေမောင်တင်၏ ကျေးဇူးတရားကို အောက်မေ့ကာ မြန်မာစာပေတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်နေကြသော ဆရာကြီး၊ ဆရာမကြီးများကို ဦးထိပ်တင်၍ ဤမြန်မာစာပေသမိုင်း website ဖြင့် ရှိခိုးကော်ရော်လိုက်ပါသည်။ မြန်မာစာပေ အထွန့်ရှည် တည်တံ့အောင် ဆောင်ရွက်နိုင်ကြပါစေ။



မြန်မာစာပေသမိုင်း website link မှာ http://myanmarliteraturehistory.blogspot.com ဖြစ်ပြီး

Apk Download လုပ်ရန် link မှာ http://www.solidfiles.com/d/a8f74cb1cd ဖြစ်ပါသည်။

E-book ကို မကြာခင်မှာ ဒေါင်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

မေတ္တာဖြင့် -
လင်းယံခ (မြန်မာစာ)
linnyankha@gmail.com

0 comments: