ဘာမှမရှိတဲ့ ငါ့ဘဝမှာ
တောင့်တခွင့်တော့ ရှိပါရဲ့...
ကဗျာတစ်ပုဒ်ကို ရေးပြီးခါမှ ပြန်ဖျက်ရအောင်
ဖတ်တာက ငါတစ်ယောက်တည်း....

ငါ့နှလုံးသားကို
မင်းဝင်လာမယ်ဆိုရင်ပြော....
အဝမှာ ခြူချိတ်ထားပေးမယ်...
ပြန်ထွက်မယ်ဆိုရင်တော့
မပြောခဲ့ပါနဲ့...
ငါ့နှလုံးသားက အိပ်နေလို့ပါ...
ကောင်းကင်က ကြယ်စုံပေမယ့်
ငါ့နှလုံးသားက မသာယာနိုင်ဘူး...
ဆင်းရဲသားတစ်ယောက်ရဲ့
မနက်ဖြန်မျာစွာဟာ
မွန်းကြပ်စရာတွေ အပြည့်နဲ့ပါ...
ကြိုပြောထားမယ်...

ငါ့ကဗျာကို ခေါင်းစဉ်မတပ်နဲ့....


လင်းယံခ မြန်မာစာ

0 comments: