နှလုံးသား သဝဏ်လွှာ


 

အရာရာလွဲမှားတတ်တဲ့ ငါ
အလွဲများစွာနဲ့ ဆုံခဲ့တဲ့ သူမဟာ
စိတ်ဆိုးဟန် နှုတ်ခမ်းစူလေးနဲ့
မြေကိုခြေနဲ့စောင့်
ကျွန်တော့်နှလုံးသား အောင့်ခဲ့ရပြီလေ...
ဖြစ်နိုင်ရင်လေ
ခဏတာ သူမနဲ့ဆုံခဲ့ချိန်လေးကို
ရပ်ထားချင်မိတယ်...
ဖြစ်နိုင်ရင်လေ
ခဏတာ သူမနဲ့ ဆုံခဲ့ချိန်လေးကို
စိန်စီထားချင်တယ်...
ကျွန်တော့်နှလုံးသားလေးကို ဆောင့်ခဲ့တာ
မရပ်ချိန်အထိပေါ့ ...
အခုတော့လည်း
ရင်မှာတသသ တောင့်တနေမိခဲ့တာ သူမရဲ့ စိတ်ဆိုးဟန်...
လှုပ်နိုးသွားတဲ့ နှလုံးခုန်သံကို
ပင်ယံထက်ဆင် ပန်းသဇင်
သချာင်္မေဂျာက နှလုံးလှသခင် ကြားနိုင်ပါစေလေ......

လင်းယံခ

0 comments: