Polaris Office APK


Android သမားတွေ အတွက် အလွန်အသုံးတည့်မယ့် apk လေးတစ်ခုပါ။ Office apk ဖြစ်ပါတယ်။ သူ့မှာ အားသာချက်တွေကတော့ သုံးစွဲပုံက အလွန် ရိုးရှင်းစွာနဲ့ အသုံးပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ နောက်ပြီး မသုံးတတ်သေးရင်လည်း အသုံးပြုနည်း Guide ပါ ထည့်သွင်းပေး ထားပါတယ်။
နောက်ပြီး Clouds System ထည့်သွင်းပေးထားတာမို့ သက်ဆိုင်ရာ ဆိုက်တွေဖြစ်တဲ့ Box.net တို့ Dropbox တို့ Google Docs တို့နဲ့ ချိတ်ဆက်ပြီး မိမိဖိုင်တွေကို သိမ်းဆည်း ထားနိုင်တာကြောင့် Data ဆုံးရှုံးမှု ရှိလာမှာ မဟုတ်တော့ပါဘူး။ သူက ကွန်ပျူတာမှာဆိုရင် Microsoft Office လိုမျိုး ဖြစ်ပါတယ်။ ထောက်ပံ့ပေးထားတဲ့ ဖိုင်အမျိုးအစားတွေကတော့

Document 97-2003 (.doc)
Document 2007 (.docx)
Sheet 97-2003 (.xls)
Sheet 2007 (.xlsx)
Slide 97-2003 (.ppt)
Slide 2007 (.pptx)
Text (.txt) တို့ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဆောင်ထားသင့်တဲ့ apk တစ်ခုပါ။ Tablet သမားတွေအတွက်လည်း အရမ်းကို အဆင်ပြေပါတယ်။ ကျွန်တော်လည်း လက်ရှိသုံးနေတာမို့ ညွှန်ပေးလိုက်တာပါ။

Polaris Office APK download here:
http://www.mediafire.com/?npw13xl2d538kbd


ခင်မင်စွာဖြင့်
လင်းယံခ မြန်မာစာ

1 comment: