• စာအုပ်မျိုးစုံ

    Android, Windows, သုတ, ရသ, ဗေဒင်စသည့် လေ့လာစရာ စာအုပ်မျိုးစုံကို ဒီနေရာတွင် ရရှိနိုင်ပါသည်။

  • Android APKများ

    Android ဖုန်းအတွက် မရှိမဖြစ်လိုအပ်သော apk များကို ဒီနေရာတွင် ရယူပါ။...

  • အထွေထွေဗဟုသုတ

    နိုင်ငံတကာမှ အကြောင်းအရာများ၊ အခြားသော စိတ်ဝင်စားဖွယ် ဗဟုသုတ မျိုးစုံကို ဒီနေရာတွင် လေ့လာပါ။...

  • ဆော့ဝဲလ်များ

    သင့် ကွန်ပျူတာအတွက် လိုအပ်သော ဆော့ဝဲလ်များ၊ Update များကို ဒီနေရာတွင် ရယူပါ။...

Myanmar Wiki စွယ်စုံကျမ်း

ဒီအခွေလေးကတော့ ဝီကီပီးဒီးယား လို့ခေါ်တဲ့ အခမဲ့လွတ်လပ်စွယ်စုံကျမ်း အခွေလေးပါ။ စွယ်စုံကျမ်းဆိုတဲ့ အတိုင်း ကမ္ဘာ့အရပ်ရပ်က ထင်ရှားကျော်ကြားမှုများသာမက အခြားသော အကြောင်းအရာ ကဏ္ဍမျိုးစုံကို ထည့်သွင်းပေးထားမို့ အရမ်းကို တန်ဖိုးရှိပါတယ်။
Install လုပ်ရတာလည်း လွယ်ကူသလို အသုံးပြုရာတွင်လည်း လျင်မြန်စွာ အသုံးပြုနိုင်ပါတယ်။
ဒါပေမယ့် ဒီဆော့ဝဲလ်လေးကို အသုံးပြုဖို့အတွက်ကတော့ Myanmar 3 Font ရှိဖို့တော့ လိုပါလိမ့်မယ်။

Steve Jobs (1955-2011)


ဒီပုံကို မြင်လိုက်တာနဲ့ Apple ရဲ့ဖခင်ကြီး Steve Jobs ဆိုတာကို လူတိုင်းသိမှာပါ။ တကယ်ကို ထူးချွန်တဲ့ လူသားတစ်ယောက်ပါ။ သူ့ကြောင့်လည်း ကျွန်တော်ပြောင်းလဲခဲ့တာတွေ အများကြီး ရှိပါတယ်။ ကျွန်တော် လေးစားတဲ့ ပုဂ္ဂိုလ်တွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။

Format Factory Version 3.0.1.1


 
ဒီဆော့ဝဲလ်လေးကတော့ ဖိုင်မျိုးစုံကို မိမိကြိုက်ရာ ဖိုင်အမျိုးအစားကို ပြောင်းလဲပေးနိုင်တဲ့ ဆော့ဝဲလ်ကောင်းလေးတစ်ခုပါ။ သူ့ရဲ့ အသုံးဝင်ပုံကိုလည်း အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

လိုအပ်သည်များ တောင်းဆိုနိုင်ပါသည်။



မင်္ဂလာပါ...
ကျွန်တော့်ဆိုက်ကို လာရောက်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ...
ကျွန်တော် အရင်က ရွှေမန်းသားလေး ဝေယံ ဆိုတဲ့ နာမည်နဲ့ blog တစ်ခု ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် အသစ်ရေးဖို့ စိတ်ကူး ရှိပြီးသားမို့ လင်းယံခ နာမည်နဲ့ အသစ်ပြန်ထောင်လိုက်တာပါ။

Facebook Photo Downloader for Android

 
အခုနောက်ပိုင်း ကျွန်တော်တို့ ဖုန်းကနေ Facebook ကို အသုံးပြုတာ များလာပါပြီ။ အဲဒီအခါ တစ်ခါတစ်လေကျရင် facebook ထဲက ပုံတွေကို ဒေါင်းချင်တာမျိုးကြုံလာတဲ့အခါ လွယ်လွယ်ကူကူ ဒေါင်းနိုင်ဖို့အတွက် Facebook Downloader လေးရှိပါတယ်။

E-book တွေဖတ်ရှုဖို့ Adobe Reader X1

 
ကွန်ပျူတာနဲ့ စာအုပ်ဖတ်ရတာ သိပ်တော့ အရသာမရှိပေမယ့် တစ်ခါတစ်လေ အပြင်မှာ ရှာလို့မရတဲ့ စာအုပ်မျိုးဆိုရင်တော့ ကွန်ပျူတာနဲ့ ဖတ်ရတာပေါ့။ ဒီလိုမျိုး ဖတ်တဲ့အခါမှာလည်း ဆော့ဝဲလ်က အဆင်မပြေ ဖြစ်နေရင် စိတ်ညစ်ရပြန်ရော။

Viber နောက်ဆုံးထွက် version

 
အခုတင်ပေးလိုက်တာကတော့ Viber နောက်ဆုံးထွက်ပါ။ နောက်ပြီး computer ပေါ်မှာလည်း သုံးလို့ရအောင် ဆော့ဝဲလ်တစ်ခါတည်း တင်ပေးထားပါတယ်။

Windows 8 မှာ Gtalk ကို တစ်ခုထက်မက ဖွင့်လို့ရအောင်

 
အင်တာနက်ဆိုင်မှာ သွားသုံးရင်တော့ ပြဿနာမရှိပေမယ့် မိမိစက်မှာ မိမိကိုယ်တိုင် Gtalk ကို install လုပ်ပြီး သုံးသူတွေအတွက်ကတော့ Gtalk ကို တစ်ခုထဲဖွင့်လို့ရတဲ့ ပြဿနာကို ကြုံဖူးကြမှာပါ။
ကျန်တဲ့ Windows တွေမှာ ပြဿနာမရှိပေမယ့် Windows 8 ကျရင်တော့ Gtalk shortcut ရှာလို့ မတွေ့တဲ့သူတွေအတွက် အောက်ကနည်းအတိုင်း လုပ်ပေးလိုက်ပါ။

Glary Utilities 3.0 Full Version

 
ဒီဆော့ဝဲလ်လေးကတော့ ကွန်ပျူတာသန့်ရှင်းရေး လုပ်ပေးတဲ့ ဆောဝဲလ်လေးပါ။ သေးသလောက်လည်း စွမ်းပါတယ်။ ကျွန်တော်ကတော့ လက်စွဲပေါ့ဗျာ...
ဒီဆော့ဝဲလ်လေးကို Install လုပ်ပြီးတာနဲ့ Update တစ်ခါတည်း လုပ်ပေးလိုက်ရင် ပိုပြီးသုံးလို့ ကောင်းမှာပါ။

Internet Download Manager 6.15 build 9 full version

 
Internet Download Manager နောက်ဆုံးထွက် version လေးပါ။
အောက်ကလင့်မှာ ဒေါင်းနိုင်ပါတယ်ဗျာ...

ကွန်ပျူတာနဲ့ Android App များကို အသုံးပြုကြည့်ရအောင်

 
ဒီ ဆော့ဝဲလ်လေးကတော့ ကွန်ပျူတာနဲ့ android app များကို စမ်းသပ်အသုံးပြုနိုင်တဲ့ ဆော့ဝဲလ်လေးပါ။
ဒီဆော့ဝဲလ်လေးရဲ့ အားသာချက်ကတော့ apk များရဲ့ အသုံးပြုပုံ၊ ဘယ်လိုသုံးရမလဲဆိုတာကို ဖုန်းထဲမှာထည့်မသုံးခင် ကွန်ပျူတာနဲ့ အစမ်းသုံးနိုင်တာပါ။
အားနည်းချက်ကတော့ Android Version 2.3.4 ဘဲရှိတဲ့အတွက် Version မြင့်တဲ့ apk တွေကိုတော့ အသုံးပြုလို့ မရနိုင်ပါဘူး။

ဒီနေရာလေးမှာပေါ့...

ဒီနေရာလေးမှာပေါ့...
မင်းနဲ့ကိုယ် ငယ်ငယ်တုန်းက ထိုင်ခဲ့ဖူးတယ်။

ဒီနေရာလေးမှာပေါ့...
ငါတို့ အလယ်တန်းစတက်ကတုန်းက ထိုင်ခဲ့ဖူးတယ်။

လင်းယံခ (မြန်မာစာ) V2.0. apk download

ကဲ... သူငယ်ချင်းရေ
အရင်က ထုတ်ခဲ့တဲ့ apk က မြန်မာစာဖတ်ရတာ အဆင်မပြေဘူးဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော် version လေးမြှင့်ပြီး ထပ်တင်ပေးလိုက်ပါတယ်။ ဒီတစ်ခေါက်တော့ ဖတ်ရတာ တော်တော်လေး အဆင်ပြေတာကို တွေ့ရပါတယ်။ ဒါကြောင့် download လုပ်ပြီး update လေးလုပ်ပေးပါလို့...

ကြိုက်နှစ်သက်ရာလင့်မှ ဒေါင်းနိုင်ပါသည်။

Mirror Download Link 1 (Mediafire)>> linnyankha v2.0.apk download
Mirror Download Link 2 (Dropbox)>> linnyankha v2.0.apk download

အားလုံးကို ခင်မင်လေးစားလျက်...
လင်းယံခ မြန်မာစာ

မေမေ



Photo: မေမေ

ဒီနေ့ အမေများနေ့။
တစ်ချို့တစ်ချို့က အမေ မရှိတော့ကြဘူး။
တစ်ချို့တစ်ချို့က အမေရှိလျက်နဲ့ သတိမရကြဘူး။
တစ်ချို့တစ်ချို့က အမေတွေနဲ့ ဝေးနေကြတယ်။
သားသမီးမျိုးစုံရဲ့ အမေမျိုးစုံဟာ နေရာတိုင်းမှာ ရှိနေကြတယ်။
တစ်ချို့အမေတွေက အိမ်မှာ ချမ်းချမ်းသာသာနေနေရသလို
တစ်ချို့အမေတွေက ဈေးထဲမှာ ဝမ်းစာအတွက် ဈေးရောင်းနေရတယ်။
တစ်ချို့အမေတွေက သားသမီးတွေ စွန့်ပစ်ခဲ့လို့ ဘိုးဘွားရိပ်သာမှာ နေနေရသလို
တစ်ချို့အမေတွေက တစ်လှမ်းဝင် တစ်လှမ်းထွက် တောင်းစားနေတာကို တွေ့ခဲ့ရတယ်။
တစ်ချို့ရဲ့ အမေတွေက ထာဝရ နှုတ်ဆက်ထွက်ခွာသွားခဲ့ရလေပြီ။
အသင်တို့ရော သင်တို့ရဲ့ အမေကို သတိရကြရဲ့လား။
ကျွန်တော့်ကတော့ အမြဲတမ်း ကျေးဇူးတင်နေပါတယ် မေမေ...

လင်းယံခ
(ကမ္ဘာ့အမေများနေ့ကို ဂုဏ်ပြုလျက်..)
ဒီနေ့ အမေများနေ့။
တစ်ချို့တစ်ချို့က အမေ မရှိတော့ကြဘူး။
တစ်ချို့တစ်ချို့က အမေရှိလျက်နဲ့ သတိမရကြဘူး။
တစ်ချို့တစ်ချို့က အမေတွေနဲ့ ဝေးနေကြတယ်။

Twilight Over Burma (ခ) မှုန်ရီဆိုင်း တိုင်းမြန်မာ E-book




Photo: Twilight Over Burma ဖတ်ချင်သူများအတွက်...

https://www.dropbox.com/s/59vqxrkihls5inu/Twilight%20Over%20Burma%20%28www.linnyankha.blogspot.com%29.pdf
ဒီ "မှုန်ရီဆိုင်း တိုင်းမြန်မာ"စာအုပ်ရဲ့ မူရင်းစာအုပ်အမည်က "Twilight Over Burma" ဖြစ်ပါတယ်။

လင်းယံခ apk download link

အခု ကျွန်တော့်ရဲ့ လင်းယံခ Android Application ကို ဒေါင်းလို့မရဘူးဖြစ်နေတယ်ဆိုလို့ ပြန်တင်ပေးလိုက်ပါတယ်ဗျာ...
အဆင်ပြေတဲ့ လင့်ကနေ ဒေါင်းနိုင်ပါတယ်။ ရှေ့လျှောက်လည်း ကျွန်တော် ဒီ လင်းယံခဆိုက်မှာဘဲ ရေးဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ အရင် ရွှေမန်းသားလေး apk ကို ဖျက်လို့ရပါတယ်။ ဒါပေမယ့် လေ့လာနိုင်စေဖို့ အတွက်ကတော့ ဆိုက်ကို မဖျက်ဘဲ ထားထားပါ့မယ်။ ဒါပေမယ့် နောက်ရေးသမျှပိုစ့်တွေကိုတော့ ဒီ လင်းယံခဆိုက်မှာဘဲ ရေးတော့မှာပါဗျာ...

အချစ်ကံခေလွန်းသူများအတွက် စန်းပွင့်စေသောနည်းတစ်ခု

တစ်နေ့သ၌ ကွန်ုပ်၏ အခန်းတွင်းသို့  ကိုထွန်းဟု အမည်ရသောသူသည် ကျွန်ုပ်၏ တပည့်တစ်ဦးနှင့်အတူ အလည်ရောက်ရှိလာလေ၏။ ကျွန်ုပ်၏ တပည့်ကလေးမှ သူ၏ သူငယ်ချင်း ကိုထွန်းနှင့် ကျွန်ုပ်အား မိတ်ဆက်ပေးလေ၏။ သူသည် စကားပြောလျှင် လွန်စွာပွင့်လင်းဖော်ရွေစွာ ပြောဆိုတတ်သော အညာသားတစ်ဦးလည်း ဖြစ်လေ၏။ သူ့ကို ကြည့်ရသည်မှာလည်း လွန်စွာ ရိုးသားပုံရလေ၏။ အသောက်အစားလည်း ကင်းပုံရ၏။ အလုပ်ကိုလည်း သူများထက်ပို၍ ရိုးရိုးသားသား ကြိုးစားပုံရလေ၏။ သူသည် ကျွန်ုပ်ထံသို့ ရောက်ရှိခိုက်တွင် ဗေဒင်မေးသွားမည်ဟုဆိုကာ ကျွန်ုပ်ဗေဒင်ဟောပြောသော ခုံရှေ့တွင် ၀င်ရောက်ထိုင်လေ၏။

မိမိတစ်ဖက်သတ် တိတ်တခိုး ချစ်ကြိုက်နေသူမှ မိမိကို ပြန်လည် စိတ်ဝင်စားလာစေသောနည်း


ကျွန်တော့်ဆီကို အမျိုးသမီးတစ်ဦး မေးလ်ပို့လာတယ်။ ဆရာတဲ့ ကိုယ်တစ်ဖက်သတ် စွဲလန်းနေတဲ့သူ ကိုယ့်ကိုပြန်ကြိုက်လာအောင် ပြန်ချစ်လာအောင် ဘယ်လို ယတြာချေရမလဲတဲ့။ ယတြာတွေကတော့ ရှိပါတယ်။ ဒီနေရာမှာ တစ်ချို့ကြတော့ ဒီစကားကို အပြစ်တင် ချင်တင်ကြမယ်။ ဒါပေမယ့် အမျိုးသားတွေ အတွက်ကတော့ ပြဿနာမရှိဘူး။ ကိုယ်က မိန်းကလေး ဖြစ်နေတယ်ဆိုရင်တော့ အခက်အခဲ ရှိတယ်။

သင်လက်ထပ်ယူမယ့် မိန်းမအကြောင်း နှင့် သင့်အိမ်ထောင်ရေးကံကြမ္မာ

တွက်နည်းကတော့ လွယ်ပါတယ်ဗျာ။ ခင်ဗျားရဲ့ အိမ်ထောင်ပြုမယ့် အသက် နဲ့ ခင်ဗျားက ဘာနေ့သားလဲ။ အဲဒီနေ့ရဲ့ ဂြိုဟ်သက်ရယ် ပေါင်းလိုက်ပေါ့။ ပြီးရင် အဲဒီပေါင်းလို့ရတဲ့ ကိန်းကို (၇)နဲ့ စားလိုက်။ ဒါဆိုရင် ဘာကြွင်းလဲ။ အကြွင်းအတိုင်း ကြည့်ပြီး ခင်ဗျား ဘယ်အသက်အပိုင်းအခြားမှာ အိမ်ထောင်ပြုရင် ဘယ်လို မိန်းမ မျိုးနဲ့ ရမယ်ဆိုတာ တွက်ကြည့်လို့ရပြီ။

အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေစေသော ယတြာ

အိုးချင်းထားတော့ အိုးချင်းထိ - ကြိုးချင်းထားတော့ ကြိုးချင်းငြိ



အတာအိုးကလေး နှစ်လုံးကို တစ်လုံးတွင် ရွှေရောင် သုတ်ရ၏။ နောက်တစ်လုံး ကို ငွေရောင် သုတ်ရ၏။ ရွှေရောင် အိုးလေးတွင် ယောက်ျားလေး၏ ဓာတ်ပုံကို ကပရ၏။ ငွေရောင် အိုးကလေးတွင်မူ မိန်းကလေး၏ ဓာတ်ပုံကို ကပ်ရ၏။ ထို့နောက် ယောက်ျားလေး၏ ရွှေရောင် အိုးလေးထဲတွင် သူ၏ မွေးနံပန်းများကို ဂြိုဟ်သက်အလိုက် ထည့်ရ၏။ မိန်းကလေး၏ ငွေရောင် အိုးကလေးထဲတွင် လည်း မိန်းကလေး၏ မွေးနံပန်းများကို ထည့်ရ၏။ မွေးနံပန်းများကို သိစေချင်သောကြောင့် အောက်တွင် ဖော်ပြပေးလိုက်ပါ၏။