ပန်းကြာဝတ်မှုန် ခံစားချက်


ပန်းကြာဝတ်မှုန် ကြည့်ပြီးတော့
ရင်ထဲမှာ ဝမ်းနည်းသလိုလို၊ တစ်ချိန်က ပုံရိပ်တွေကို ပြန်လည် လွမ်းဆွတ်သလိုလို...
ဒေသကောလိပ်ရှိတဲ့ ဖာသာလဖုန်း၊ ၃၇လမ်းကနေ မိန်းထဲ၊ ပင်မဆောင် ဝါကြင်ကြင်၊ ဆိတ်ငြိမ်နေတဲ့ စာသင်ခန်းတွေ၊ သစ္စာ၊ ရတနာပုံ အဆောင်တွေဖြတ်ပြီးတော့ ကျွန်တော့်ခြေလှမ်းတွေ ရွှေပြည်အေး ပေါ်တက်လာခဲ့၊ တစ်ချိန်က တက္ကသိုလ်ကျောင်းသားတွေ ပျော်ရွှင်စွာ တက်ခဲ့တဲ့ လှေကားထစ်တွေ အခုတော့ ငြိမ်နေပြီ။ အောင်မင်္ဂလာကိုဖြတ်လို့ ရွှေမန်းဆီဦးတည်၊ ဘေးမှာက အောင်သပြေနဲ့ ရေတမာ...
ဟိုးအဝေးမှာ လွှင့်ပျံနေခဲ့ပြီ။
အပေတေတစ်ယောက် မန်းလေးသားရဲ့ ရင်တွင်းခံစားချက်တွေကိုတော့ Friend Cafe' က လက်ဖက်ရည် ခါးခါးလေးက ဖြေသိမ့်ပေးနိုင်ပါရဲ့လေ...

လင်းယံခ
23.6.2013 18:41pm
Near Mandalay University

0 comments: