စိတ်ဖိစီးမှု ပိုမိုဖြစ်စေနိုင်တဲ့ အချက်(၆)ချက်


ခုရက်အတွင်း စိတ်ဖိစီးမှုတွေ များနေတယ်လို့ ခံစားနေရပြီလား။
အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ တစ်ခြားအကြောင်းအရာတွေကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးနေတယ်လို့ ခံစားရပြီဆိုရင် ဒါတွေကို လျှော့ချပစ်ဖို့ နည်းလမ်းတွေ ရှာရပြီပေါ့။ အဲ့ဒီလို ရှာဖွေတဲ့အခါ ကိုယ်ခံစားနေရတာထက် ပိုစိတ်ရှုပ်ထွေးအောင် တွန်းအားပေးနေတဲ့ အချက်တွေရှိနေတယ်ဆိုတာကိုလည်း သိထားရပါတော့မယ်။ အဲ့ဒီအချက်တွေကိုသာ လျှော့ပစ်နိုင်မယ်ဆိုရင် စိတ်ဖိစီးမှုတွေလည်း နည်းပါးသွားပါလိမ့်မယ်။
၁။ ဖုန်းနဲ့ဝေးဝေးနေပါ။
ပြဿနာတက်တာ၊ စိတ်တွေဖိစီးနေတာ ဖုန်းနဲ့လုံးဝမပတ်သက်ဘူးဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို ဖိစီးမှုတွေ ပိုမိုလာအောင် တွန်းအားပေးတဲ့အရာတွေထဲမှာ ဖုန်းကို မနားတမ်းကလိနေတာ၊ ဖုန်းပြောတာ၊ ဒါမှမဟုတ် ဖုန်းနဲ့အွန်လိုင်းသုံးနေတာမျိုးကလည်း တစ်ခုအပါအ၀င်ဆိုတာ သိထားရမှာပါ။
၂။ဆိုရှယ်မီဒီယာတွေကနေ အာရုံလွှဲထားပါ။
Edinburgh တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ ဖေ့စ်ဘွတ်ခ်သုံးပြီး ဖေ့စ်ဘွခ်ဆိုရှယ်မီဒီယာက လူတွေနဲ့ သူငယ်ချင်းဖြစ်နေသူဟာ တစ်ခြားသာမာန်လူတွေထက် ပိုပြီး စိတ်ဖိစီးမှုကို ခံစားရပါတယ်တဲ့။ Share လုပ်ရတာ၊ အားနာပြီး Post လုပ်ရတာ စတာတွေကလည်း လူကို အာရုံပိုနောက်စေတယ်လို့ ဆိုပါတယ်။
၃။အိပ်ချိန်မှန်ပါစေ။
အိပ်ချိန်တွေ လွဲနေတာမျိုး၊ သုံး၊ လေးရက်ဆက်တိုက် မအိပ်တာမျိုးတွေဟာ သင့်ကို စိတ်ဖိစီးမှုတွေ များလာစေနိုင်ပါတယ်။ ဖိစီးလို့ မအိပ်တာ၊ မအိပ်လို့ စိတ်ဖိစီးတာ စသဖြင့် အဲ့ဒီသံသရာထဲက တိုးထွက်လိုက်ပါ။ တစ်ပတ်၊ နှစ်ပတ်လောက်ထိ မအိပ်ဘဲနေတာမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ သင်ဟာ စိတ်ဝေဒနာတစ်ခုခု ခံစားနေပြီလို့တောင် ခေါင်းစဉ်တပ်ခံရနိုင်ဖွယ်ရှိပါတယ်။
၎။အိပ်ခန်းကို သပ်သပ်ရပ်ရပ်လေး ထားပါ။
ရှုပ်ပွနေတဲ့ အခန်းကြောင့် စိတ်ဖိစီးမှုတွေ ပိုတိုးနိုင်တယ်ဆိုတာ သင်သိချင်မှ သိပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ မှန်ကုန်တဲ့အချက်ပါ။ ဒါ့ကြောင့် အခန်းထဲက တို့လို့တွဲလောင်းတွေကို ရှင်းထုတ်ပြီး သန့်သန့်ရှင်းရှင်းလေး ထားဖို့ လိုပါတယ်။
၅။ဝိတ်လျှော့ခြင်းဟာ နည်းမှန်လမ်းမှန်ဖြစ်ဖို့ လိုပါတယ်။
မစားမသောက်ပဲနေပြီး ပိန်ချင်တာလား။  ဒါကရော အလုပ်ဖြစ်မယ်လို့ ထင်ပါသလား။ ကိုယ်စားချင်တာလေးကို မစားလိုက်ရလို့ စိတ်ဖိစီးမှုဖြစ်နိုင်တယ်ဆိုတာ မယုံမရှိပါနဲ့။
၆။အိပ်ယာပေါ်မှာ အင်တာနက်သုံးခြင်းမျိုး ရှောင်ပါ။
သုတေသီတွေရဲ့ထုတ်ပြန်ချက်အရ အိပ်ခါနီး အိပ်ယာပေါ်မှာ အင်တာနက်သုံးခြင်းဟာ လုံးဝမသုံးပဲ အိပ်ယာတန်းဝင်သွားတဲ့ သူတွေထက် စိတ်ဖိစီးမှုပိုပါတယ်တဲ့။
Ref:womenshealthmag.com

0 comments: