• စာအုပ်မျိုးစုံ

    Android, Windows, သုတ, ရသ, ဗေဒင်စသည့် လေ့လာစရာ စာအုပ်မျိုးစုံကို ဒီနေရာတွင် ရရှိနိုင်ပါသည်။

  • Android APKများ

    Android ဖုန်းအတွက် မရှိမဖြစ်လိုအပ်သော apk များကို ဒီနေရာတွင် ရယူပါ။...

  • အထွေထွေဗဟုသုတ

    နိုင်ငံတကာမှ အကြောင်းအရာများ၊ အခြားသော စိတ်ဝင်စားဖွယ် ဗဟုသုတ မျိုးစုံကို ဒီနေရာတွင် လေ့လာပါ။...

  • ဆော့ဝဲလ်များ

    သင့် ကွန်ပျူတာအတွက် လိုအပ်သော ဆော့ဝဲလ်များ၊ Update များကို ဒီနေရာတွင် ရယူပါ။...

တူညီယှဉ်လှမ်း ဘဝလမ်း


တစ်သက် တစ်ဘဝ
ရင်မှာ စွဲစွဲ မခွဲထာဝရ
ချစ်ခြင်းတရား ခိုင်မြဲစွာဖြင့်
နှစ်ကိုယ်တူညီ
လျှောက်လှမ်းကြမည်

ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံ

ဘဝမှာ...
အခက်အခဲများစွာ
အဆင်မပြေမှုများစွာ
နာကျည်းချက်များစွာ
မုန်းတီးမှုများစွာ
ဝေဖန်ခံရတာများစွာ
ဖိနှိပ်ခံမှုများစွာ
များစွာ...များစွာ...များစွာ...
ကြုံတွေ့ရလာတဲ့အခါ
ပြန်လိုချင်မိတာ
ဟိုးငယ်ငယ် မသိတတ်အရွယ်က
ဖြူစင်တဲ့ ကလေးဘဝ...

လင်းယံခ မြန်မာစာ
၂၆.၁၂.၁၂ ၂၃း၄၆မိနစ်

ဝေးမြဲဝေးရာ

အပြစ်မယူခဲ့ပါဘူး
သူ့ရဲ့မအားလပ်မှုတွေကို

မလွမ်းနေခဲ့ပါဘူး
ငါ့ရဲ့စိတ်မှာ အမြဲရှိနေလို့

ဝေးမနေခဲ့ပါဘူး
ကျောချင်းကပ်ကာ နေခဲ့တာမို့

မြင်နိုင်ခွင့်မရှိခဲ့ပါဘူး
မင်းနဲ့ငါ ဆန့်ကျင်ဘက်
ဝေးမြဲဝေးရာ သွားနေခဲ့ပြီမို့....

လင်းယံခ မြန်မာစာ
9/1/2013 9:47

ညီမလေးရေ...

ညီမလေးရေ.....
မှောင်မိုက်နေတဲ့ညတွေမှာ အကိုဟာ
ညီမလေးအတွက် လမ်းပြကြယ်လေးပေါ့...
ချမ်းအေးလှတဲ့ ရက်တွေမှာ
ကိုယ့်ရဲ့အငွေ့အသက်လေးတွေနဲ့
နွေးထွေးစွာ ထားပေးမယ့်သူပါ...
ညီမလေး ပူပြင်းနေချိန်မှာတော့
ကိုဟာ နွေလေရူးလေးပေါ့...
စိတ်ညစ်နေတဲ့ ညီမလေးအတွက် Joker
ပျော်ရွှင်နေတဲ့ ညီမလေးအတွက် မှန်တစ်ချပ်လိုငါ...
ညီမလေးပျော်ရွှင်ဖို့အတွက် မငြင်းဆန်ဝံ့ဘူး
ကိုယ့်အသွေးအသား၊ နှလုံးသားကိုယူ
ညီမအတွက် စတေးဝံ့သူ...

လင်းယံခ

မေရယ်...

မေရယ်
လျှာနဲ့သွားတောင် အခန့်မသင့်ရင်
ကိုက်မိတတ်တာ သဘာဝဘဲလေ…
ဒီလိုပါဘဲ…

ဘဝဆိုတာ စင်းလုံးချောတယ်လို့မှ
မရှိတာကလည်း သဘာဝဘဲလေ…
ကြိုးကြိုးချင်း ညှိရင်တောင်
ဖြေးဖြေးချင်း ဖြည်လို့ရသလို
မင်းနဲ့ကိုယ်ကြားမှာ ရှိတဲ့
နှစ်ဦးသားမှန်တယ်ဆိုတဲ့
ပဋိပက္ခလေးတွေကိုလည်း
ကျေအေးပေးပါလား!
အရင်လို ပျော်ရွှင်ခြင်းတွေကို
မင်းမရှိတဲ့အချိန်မှာ ပြန်လိုချင်မိတယ်.မေရယ်…

လင်းယံခ

အိပ်စက်သူတစ်ယောက်ရဲ့ နှုတ်ဆက်စကား


မှောင်မိုက်မိုက် ညသန်းခေါင်မှာ
လောင်မြိုက်မြိုက် ငါ့ရဲ့အသည်းက
မင်းကို တမ်းတလေနေရဲ့…

ထိန်းမရတဲ့ ငါ့ရဲ့စိတ်ထဲက
အဝေးကိုလွင့်နေခဲ့တာ
ဟိုကမ္ဘာတစ်ဖက်ဆီ…

ချစ်သူ

တစ်နေ့မမြင်ရရင် မနေနိုင်တာမို့
အပြေးကလေး လှမ်းလာမိတယ်။
မင်းရဲ့အပြုံးကို မြင်ခွင့်ရလို့
စိတ်ထဲမှာ ကြည်နူးတယ်။
ချိုသာလှတဲ့ ချစ်သူ့အပြုံးကို
ရင်ထဲမှာ သိမ်းထားလိုက်မယ်။
ပျော်ရွှင်တတ်တဲ့ ကောင်မလေးရယ်
ထာဝရပြုံးနိုင်ပါစေကွယ်...

လင်းယံခ

တန်ဖိုး

ပျော်ရွှင်ခြင်းရဲ့ တန်ဖိုး
ဝမ်းနည်းခါမှ သိခဲ့တယ်...
စံပယ်ပွင့်ရဲ့ တန်ဖိုး
မပွင့်ခါမှ သိခဲ့တယ်...
နေရောင်ခြည်ရဲ့ တန်ဖိုး
သန်းခေါင်ယံမှာ သိခဲ့တယ်...
ငါ့ရဲ့အချစ်ရဲ့ တန်ဖိုး
ခွဲခွာချိန်မှာ သိလိမ့်မယ်.....

            လင်းယံခ

ကျရှုံးခြင်း

မျိုသိပ်မထားနိုင်တဲ့ ရင်ထဲကပြောခဲ့တဲ့စကားတွေက
ငါ့နှလုံးသားထဲက ချစ်ခြင်းမေတ္တာတရားအစစ်ပါ...
ငါ့အပေါ်မင်းလေးရဲ့ တုန့်ပြန်မှုတွေက
ငါ့နှလုံးသားလေးကို ထိခိုက်စေခဲ့တာ
မင်းလေးမသိခဲ့တာလား?
ငါ့ရင်ထဲက ခံစားချက်ကိုဖော်ပြရန်အတွက်
ကဗျာလင်္ကာတွေ မလိုတော့ပါဘူး...
မင်းရဲ့အလှကို နှိုင်းယှဉ်ဖို့အတွက်
လမင်းတောင်မသာဝံ့တော့ပါဘူး.......

            လင်းယံခ

အသည်းခွဲမင်းသမီးနဲ့ ဒဿလိုလူစား

တကယ်ဆိုရင်...
သိရက်နဲ့ မီးကိုတိုးတဲ့ ပိုးဖလံတောင်
ငါ့ထက်သာဦးမယ် ချစ်သူ။

သိရက်နဲ့ ချစ်ခဲ့လို့
အစိမ်းသက်သက် ကွဲခဲ့တဲ့ငါ့နှလုံးသားကတော့
မင်းလျှောက်လှမ်းမယ့်လမ်းမှာ ခင်းပေးလိုက်ပါ့မယ်......