• စာအုပ်မျိုးစုံ

    Android, Windows, သုတ, ရသ, ဗေဒင်စသည့် လေ့လာစရာ စာအုပ်မျိုးစုံကို ဒီနေရာတွင် ရရှိနိုင်ပါသည်။

  • Android APKများ

    Android ဖုန်းအတွက် မရှိမဖြစ်လိုအပ်သော apk များကို ဒီနေရာတွင် ရယူပါ။...

  • အထွေထွေဗဟုသုတ

    နိုင်ငံတကာမှ အကြောင်းအရာများ၊ အခြားသော စိတ်ဝင်စားဖွယ် ဗဟုသုတ မျိုးစုံကို ဒီနေရာတွင် လေ့လာပါ။...

  • ဆော့ဝဲလ်များ

    သင့် ကွန်ပျူတာအတွက် လိုအပ်သော ဆော့ဝဲလ်များ၊ Update များကို ဒီနေရာတွင် ရယူပါ။...

Pacific Rim Full Movie Free Download HD

Poster Of Pacific Rim Full Movie Free Download HD
ဒီ Pacific Rim ဆိုတဲ့ ဇာတ်ကားကတော့ ပစိဖိတ်သမုဒ္ဒရာ အတွင်းပိုင်းတစ်နေရာကနေ ပေါ်ထွက်လာတဲ့ သတ္တဝါတွေနဲ့ လူသားတွေ ကမ္ဘာပေါ်မှာ စစ်ဖြစ်ကြပုံကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားပါ။

Jobs Movie

http://www.impawards.com/2013/posters/jobs_ver4_xlg.jpg
Jobs ဆိုတဲ့ ဇာတ်ကားလေးဟာ Apple ကုမ္ပဏီကို စတင်တည်ထောင်ခဲ့တဲ့ Steve Jobsရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။

Safari Browser မှာ မြန်မာလို ပေါ်ချင်ရင်

တစ်ချို့တွေက Mozilla ကို သုံးကြသလို တစ်ချို့ကျတော့လည်း chrome ကို သုံးတတ်ကြပါတယ်။ အခု Safari browser ကတော့ Apple ရဲ့ ထုတ်ကုန်တစ်ခုပါ။ ဒါကြောင့် Safari ကို သုံးကြသူများ browser မှာ  မြန်မာလိုပေါ်ချင်ရင် အောက်က အတိုင်း လုပ်လိုက်ရင် ရပါတယ်။ အခုမှ Safari ကို သုံးချင်သူများ အတွက်လည်း download လုပ်ဖို့ ပါ တစ်ခါတည်း တင်ပေးထားပါတယ်။

သီချင်း အလန်းစားတွေကို ဖန်တီးဖို့ FL Studio 10

ဒီဆော့ဝဲလ်လေးကိုတော့ သုံးဖူးတဲ့သူတွေ ရှိသလို မသုံးဖူးတဲ့သူတွေလည်း ရှိကြမှာဘဲ။ ဒီကောင်လေးရှိရုံနဲ့ ကိုယ်တိုင် သံစဉ်အလန်းစားတွေကို ဖန်တီးလို့ ရနိုင်ပါတယ်။ အခုနောက်ပိုင်း သီချင်းတွေ တော်တော်များများကို ဒီ FL Studio နဲ့ တီးကြပါတယ်။ နောက်ပြီး Remix လိုမျိုး သံစဉ်ဖန်တီးမှုကိုလည်း လုပ်ဆောင် လို့ရပါတယ်။

Golden Clip ရွေရောင်လက်ခုပ်သံ 27th SEA Gmaes Song

ဒီသီချင်းလေးဟာလည်း ကျွန်တော်တို့ 27th SEA Games Song ထဲမှာ တစ်ပုဒ်အပါအဝင်တစ်ခုပါဘဲ။ ပြည်ပရောက်နေတဲ့ မြန်မာတွေအတွက်ရော ပြည်တွင်းက မြန်မာ ပရိသတ်တွေ နားဆင်ရအောင်လို့ သီချင်းရော စာသားပါ တင်ပေးလိုက်ပါတယ်ဗျာ....

အာရှ မြန်မာ 27 SEA GAME SONG

ဒီသီချင်းလေးကိုတော့ လူတိုင်းသိကြမယ်ထင်ပါတယ်။ အခုလည်း TV အစီအစဉ်မှာ ခဏခဏ ထုတ်လွှင့်လျက်လည်း ရှိပါတယ်။ နောက်ပြီး SEA GAME မှာ Myanmar Football Fan မှ ဂုဏ်ပြုသီဆိုမယ့် သီချင်းလေးပါ။ ဒါကြောင့် အလွယ်တကူ နားဆင်နိုင်အောင်လို့ သီချင်းလေးသာမက စာသားလေးလည်း လိုက်ဆိုနိုင်ဖို့ ရေးတင်ပေးလိုက်ပါတယ်ဗျာ....

ကိုယ့်ရဲ့ ဖူးစာရှင် ဟုတ်/မဟုတ် တွက်နည်း

 ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် သိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊ နောက်ဆုံး ရလာတဲ့ကိန်းတစ်လုံးကအဖြေပေါ့။ ကဲအစမ်းလေးလုပ်ကြည့်ရအောင်။

Google Play က apk တွေကို ကွန်ပျူတာနဲ့ အလွယ်တကူ download ချနည်း

အခုတင်မယ့် ပိုစ့်လေးကတော့ Google Play က free apk တွေကို ကွန်ပျူတာနဲ့ download လုပ်ဖို့ အလွယ်ကူဆုံးနည်းလမ်းလေးတစ်ခုပါ။ မြန်မာမိုဘိုင်းက ကိုသက်နိုင်စိုး ရေးထားတာကို ကျွန်တော်ထပ်လောင်း ဖြည့်စွက် တင်ပြလိုက်ပါတယ်။

သိုးဆောင်း ၀တ္ထုများ

အခုတင်ပေးလိုက်တာကတော့ ကိုသိုးဆောင်းရဲ့ ၀တ္ထုစာအုပ်တွေပါ။ ကျွန်တော်ကတော့ ပထမစာအုပ်ကတည်းက ကြိုက်ခဲ့တာ ထွက်သမျှအကုန် ဖတ်ဖြစ်တယ်ဗျ။ အခုလည်း ကိုလုလင်မောင် (၀ဲလောင်) တင်ထားတာတွေ့လို့ ပြန်ရှယ်ပေးလိုက်ပါတယ်ဗျာ။ ကို သိုးဆောင်းရဲ့ ဝတ္ထုတွေကို ဖတ်ချင်ရင်တော့ အောက်က နာမည်လေးပေါ်ကို နှိပ်ပြီး ဒေါင်းလိုက်ပါဗျာ...

“ဝါလကင်းလွတ် သီတင်းကျွတ်”

    မကြာခင် သီတင်းကျွတ်ရောက်တော့မည် ဆိုသည်ကို ညတိုင်း မီးရှူးမီးပန်း ဖောက်သံ များက အသိပေးနေသလို ရှိနေသည်။ သီတင်းကျွတ်သည် မြန်မာပြက္ခဒိန်အရ ခုနှစ်လမြောက် ဖြစ်ပြီး ကမ္ဘာသုံးပြက္ခဒိန်အရ စက်တင်ဘာလ - အောက်တိုဘာလတွင် ကျရောက်သည်။ ထင်ရှား သော ပွဲတော်တစ်ခုမှာ မီးထွန်းပွဲတော်ပင် ဖြစ်သည်။ သီတင်းကျွတ်လ၏ အထိမ်းအမှတ်ပန်းမှာ ကြာမျိုးငါးပါး ဖြစ်သည်။

မိခင်

Photo: ဘယ်လောက်ပဲ ဆင်းရဲတဲ့မိသားစုပဲဖြစ်ဖြစ် အဲဒီမိသားစုမှာ ကြင်နာတတ်၊ ချွေတာတတ်၊ အကောင်းမြင်ပြီး သပ်ရပ်သန့်ရှင်းအောင်နေတတ်တဲ့ အမျိုးသမီးတစ်ဦးရှိတယ်ဆိုရင် အဲဒီမိသားစုဟာ စိတ်ဓာတ်ရဲ့ပျော်စံရာ၊ ခွန်အားတွေရတဲ့နေရာဖြစ်တယ်။

လောကအတွက် မိခင်တွေပေးဆပ်နေတဲ့အရာက လိမ္မာထက်မြက်တဲ့ သားသမီးတွေမွေးထုတ်ပေးတာပဲဖြစ်တယ်။ မိခင်ရဲ့အပြုအမူ၊ အထင်အမြင်တွေဟာ သားသမီးတိုင်းရဲ့ဘဝကို သက်ရောက်စေနိုင်ပါတယ်။ ဒီသက်ရောက်မှုကို လူတွေ သေသေချာချာ မတွေးတောခဲ့ဖူးသလို အသိအမှတ်လည်း မပြုခဲ့ကြဘူး။ မှားပါတယ်လို့လည်း ဘယ်သူမှ မငြင်းဆန်ခဲ့ကြဘူး။

သားသမီးတွေကို ငယ်ရာကနေ ကြီးပြင်းလာတဲ့အထိ ပြုစုပျိုးထောင်ရာမှာ မိခင်ဖြစ်သူရဲ့အပြုအမူ၊ မိခင်ရဲ့အတွေး၊ မိခင်ရဲ့ကိုယ်ကျင့်တရား... စတာတွေဟာ မသိမသာနဲ့ သားသမီးပေါ်ကို သက်ရောက်စေနိုင်တယ်။

(၁) ကြံ့ခိုင်တဲ့မိခင်တစ်ဦးက သားသမီးတွေကို အခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါ တွန့်ဆုတ်မသွားဖို့ သင်ပေးနိုင်တယ်။

(၂) သဘောထားကြီးမြတ်တဲ့ မိခင်တစ်ဦးက သားသမီးတွေရဲ့အနာဂတ်ကို မျှော်လင့်ချက်တွေနဲ့ ပြည့်စေနိုင်တယ်။

(၃) ကြင်နာတတ်တဲ့မိခင်တစ်ဦးက သားသမီးတွေကို ကရုဏာတရား၊ စာနာရိုင်းပင်းတတ်မှုရှိစေတယ်။

(၄) တည်ငြိမ်တဲ့မိခင်တစ်ဦးဟာ သားသမီးတွေကို ဇွဲလုံ့လ ဝီရိယရှိစေတယ်။

(၅) နူးညံ့သိမ်မွေ့တဲ့မိခင်တစ်ဦးက သားသမီးတွေရဲ့ အရည်အသွေးကို အရိပ်ထင်စေတယ်။

(၆) ပညာဗဟုသုတကြွယ်ဝတဲ့ မိခင်တစ်ဦးက သားသမီးတွေကို နက်နဲတဲ့တွေးတောကြံဆမှုတွေကို ရစေတယ်။
.
ဘယ်လောက်ပဲ ဆင်းရဲတဲ့မိသားစုပဲဖြစ်ဖြစ် အဲဒီမိသားစုမှာ ကြင်နာတတ်၊ ချွေတာတတ်၊ အကောင်းမြင်ပြီး သပ်ရပ်သန့်ရှင်းအောင်နေတတ်တဲ့ အမျိုးသမီးတစ်ဦးရှိတယ်ဆိုရင် အဲဒီမိသားစုဟာ စိတ်ဓာတ်ရဲ့ပျော်စံရာ၊ ခွန်အားတွေရတဲ့နေရာဖြစ်တယ်။

သင့်မှာ မိခင်ကိုချစ်ခင်စွဲလမ်းတဲ့စိတ် ဘယ်လောက်ရှိသလဲ

Photo: စိတ်ဝင်စားတယ်ဆိုရင် အောက်ကမေးခွန်းတွေကို အပျင်းပြေဖြေကြည့်ပါ။ စိတ်ထဲကပဲဖြေဖြေ.. လူသိအောင်ပဲဖြေဖြေ ဖြေနိုင်ပါတယ်။ အဖြေကို မနက်ဖြန်မှာတင်ပါမယ်.. ကျေးဇူး..

သင့်မှာ မိခင်ကိုချစ်ခင်စွဲလမ်းတဲ့စိတ် ဘယ်လောက်ရှိသလဲ။ စမ်းသပ်ကြည့်ရအောင်.. Yes, No ထဲက အဖြေတစ်ခုကိုရွေးပေးပါ။

၁) ငယ်စဉ်ကတည်းက စကားနားထောင်ပြီး လိမ္မာတဲ့ကလေးလို့ မကြာခဏ သင်ချီးကျူးခံရဖူးတယ်။ (Yes) (No)

၂) မေမေဝယ်ပေးတဲ့ ပစ္စည်းနှစ်မျိုးကို သင့်ကိုယ်ပေါ်မှာ အချိန်မရွေးတွေ့နိုင်တယ်။ (yes ) (No)

၃) နေ့တိုင်း မေမေနဲ့ စကားငါးခွန်းအထက် သင်ပြောဖြစ်တယ်။ (yes ) (No)

၎) မကြာခဏ မေမေနဲ့အတူ ဈေးဝယ်ထွက်ဖြစ်တယ်။ (yes ) (No)

၅) စိတ်ညစ် ဝမ်းနည်းစရာတွေကြုံတိုင်း မေမေကို အရင်သတိရမိတတ်တယ်။ (yes ) (No)

၆) "ငါ့မေမေကပြောတယ်" ဆိုတဲ့စကားကို အကျင့်တစ်ခုလို သုံးစွဲတတ်တယ်။ (yes ) (No)

၇) သင်ဟာ အစာဂျီးများသူ (အစာရွေးသူ)ဖြစ်တယ်။ (yes ) (No)

၈) သင့်အပြင်ပန်းက ကြည့်ပျော်ရှုပျော်ဆိုပေမယ့် ဆန့်ကျင်ဖက်လိင်ရဲ့ နှစ်သက်မှုကိုမရခဲ့ဘူး။ (yes ) (No)

၉) ဖေဖေကို သိပ်မချစ်ဘူး။ (yes ) (No)

၁ဝ) မေမေက အိမ်ရှင်မဖြစ်တယ်။ (yes ) (No)
.
သင့်မှာ မိခင်ကိုချစ်ခင်စွဲလမ်းတဲ့စိတ် ဘယ်လောက်ရှိသလဲ။ စမ်းသပ်ကြည့်ရအောင်.. Yes, No ထဲက အဖြေတစ်ခုကိုရွေးပေးပါ။

၁) ငယ်စဉ်ကတည်းက စကားနားထောင်ပြီး လိမ္မာတဲ့ကလေးလို့ မကြာခဏ သင်ချီးကျူးခံရဖူးတယ်။ (Yes) (No)

Cambridge ရဲ့ဝိညာဉ် (၂)

Photo: Cambridge ရဲ့ဝိညာဉ် (၂)
________________

ညစာစားပွဲတစ်ပွဲ

ည ၇နာရီခွဲမှာ Jesus collegeမှာကျင်းပတဲ့ ကျောင်းသား ဆရာမိတ်ဆုံစားပွဲကို ကျွန်မတို့တက်ရောက်ခဲ့ပါတယ်။ ဒါဟာ တကယ့်ခမ်းနားကြီးကျယ်တဲ့ အခါသမယပါ။ လူတိုင်း ဝတ်ရုံရှည်ဝတ်ရပါတယ်။

ညစာစားပွဲမှာ ကြက်သား၊ ရေလုံပြုတ်မုန်လာဥနီနဲ့ အရွက်စိမ်းတချို့ပါပါတယ်။ ခင်းကျင်းတဲ့နေရာက သိပ်မကျယ်ပါဘူး။ ဒါပေမယ့် ဒီညစာစားပွဲကိုကြည့်ပြီး ကျွန်မလိုပဲ "ဟယ်ရီပေါ်တာ"ထဲက Magic Schoolကို သင်သတိရမိပါလိမ့်မယ်။ ဒါဟာ နှစ်ပေါင်း ၈ဝဝကျော်သမိုင်းရှိခဲ့တဲ့  Cambridgeတက္ကသိုလ်ရဲ့ အစဉ်အလာဖြစ်ပါတယ်။ အချိန်အတိအကျ တက်ရောက်ရပါတယ်။

ဒီခမ်းနားကြီးကျယ်တဲ့ ညစာစားပွဲမှာ ပါမောက္ခနဲ့ပညာရှင်တွေက ခန်းမရဲ့အမြင့်ဆုံးနေရာမှာ နေရာယူကြပြီး ကျောင်းသားတွေက အောက်က စားပွဲခုံရှည်မှာ နေရာယူရပါတယ်။ ပါမောက္ခတွေ ခန်းမထဲဝင်လာချိန် အားလုံး ထရပ်ပြီး အရိုအသေပြုရပါတယ်။ တဆက်တည်း လက်တင်ဘာသာလို ဆုတောင်းစာ ရွတ်ဖတ်ပြီးမှ ညစာကို သုံးဆောင်ရပါတယ်။ ည၉နာရီထိုးလို့ ပါမောက္ခနဲ့ပညာရှင်တွေ ထွက်ခွာသွားမှ ကျွန်မတို့ဓာတ်ပုံရိုက်ကြရတယ်။ ပါမောက္ခတွေထွက်ခွာသွားမှ ကျောင်းသူကျောင်းသားတွေဟာ လက်ခုတ်သြဘာပေးပြီး ထရပ်အော်ဟစ်ကြတယ်။ သူတို့လွတ်လွတ်လပ်လပ်ဖြစ်သွားတဲ့ အထိမ်းအမှတ်ပါ။ ပါမောက္ခတွေ ထွက်ခွာဖို့ ကျောင်းသားတွေထရပ်ချိန်မှာ ထိုင်ခုံဆွဲသံတောင် မကြားရလောက်အောင် တိတ်ဆိတ်လှပါတယ်။ ဒါကိုကြည့်ပြီး Cambridgeက ပါမောက္ခတစ်ဦးပြောခဲ့တဲ့ "တစ်ခါတလေမှာ Cambridgeရဲ့တင်းမာတည်ကြည်မှုက လူငယ်အများစုရဲ့ ဆန့်ကျင်ပုန်ကန်လိုစိတ်ကို စက္ကန့်ပိုင်းအတွင်းမှာ သတ်ပစ်နိုင်တယ်"ဆိုတဲ့စကားကို ကျွန်မသွားသတိရမိပါတယ်။

လူမှတ်မှားမိတဲ့အကြိမ်

Camမြစ်ပေါ်မှာလှေစီးနေချိန် တံတားပေါ်မှာတွေ့ရတဲ့ ဘီးတပ်ကုလားထိုင်တစ်ခုပေါ် ထိုင်နေတဲ့ပုံရိပ်က ကျွန်မတို့ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ လှေဦးကိုလှည့်ပြီး အနီးကပ် အပြေးအလွှားလိုက်ကြည့်မှ ကုလားထိုင်ပေါ်ထိုင်နေသူဟာ ကျွန်မတို့စိတ်ကူးထဲက လူမဟုတ်မှန်း သိတော့တယ်။ မြစ်ပေါ်က ကမ္ဘာ့လှည့်ခရီးသည်တချို့လည်း ကျွန်မတို့လိုပဲ အဲဒီကုလားထိုင်ပေါ်က လူကို Stephen Hawkingလို့ အမှတ်မှားကြပါလိမ့်မယ်။ လူတိုင်းက "အိုင်းစတိုင်း"ပြီးရင် ဒီထူးချွန်ထက်မြက်တဲ့ ဘီးတပ်ကုလားထိုင်ပေါ်က အယူအဆပိုင်းဆိုင်ရာ ရူပဗေဒပညာရှင်ဖြစ်တဲ့ Hawkingကို တွေ့လိုစိတ်ပြင်းပြကြပါတယ်။ Cambridgeကို မလာခင် ဒီပညာရှင်နဲ့တွေ့ဆုံနိုင်ဖို့ ကျွန်မတို့ အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူဟာ ကျန်းမာရေးသိပ်မကောင်းတာကြောင့် အိမ်မှာပဲအနားယူနေပြီး ဧည့်သည်တွေကို သိပ်မထွက်တွေ့ဘူးလို့ဆိုပါတယ်။ ပါမောက္ခHawkingရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ကျွန်မတို့ပါမောက္ခနဲ့တွေ့ချင်တဲ့အကြောင်းကို သိတော့ သူက သူဒီမှာအလုပ်လုပ်တာ ၅နှစ်ရှိပြီ။ ပါမောက္ခHawkingကို နှစ်ကြိမ်ပဲတွေ့ခဲ့ဖူးတယ်လို့ ပြောပြပါတယ်။

Cambridgeတက္ကသိုလ်မှာ "အချိန်စားတဲ့ ပိုးကောင်"လို့ (Corpus Clock) တင်စားခေါ်ဝေါ်တဲ့ နာရီတစ်လုံးရှိပါတယ်။ အဲဒီလိုတင်စားရတဲ့အကြောင်းရင်းက နာရီရဲ့ထိပ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ နှံကောင်တစ်ကောင်ရှိပြီး စက္ကန့်တိုင်း ပါးစပ်ကြီးဟလိုက် ပိတ်လိုက်နဲ့ အချိန်ကိုစားနေလို့ဖြစ်တယ်။ ဒီနာရီရဲ့ နာရီချိန်သီးက အနောက်တိုင်းက အခေါင်းပုံစံပါ။ တစ်နာရီထိုးတိုင်း အသံပြင်းပြင်းနဲ့ လူတွေကို သေမင်းနဲ့တစ်လှမ်းနီးလာပြီဆိုတဲ့အကြောင်း သတိပေးတတ်ပါတယ်။ ဒီရက်စက်တဲ့ အမှန်တရားနာရီသံကြားမှာ Cambridgeရဲ့ဆောင်ပုဒ်တစ်ခု ပါဝင်ပါတယ်။ အဲဒီဆောင်ပုဒ်က ဆိုကရေးတီးရဲ့ "လောကကြီးနဲ့ ငါတို့တွေ့ဆုံကြတယ်၊ လောကကြီးနဲ့ ငါတို့တိုက်စားကြတယ်၊ ငါတို့ဟာ မရှက်မရွံ့ခံယူထားတဲ့တာဝန်နဲ့ သက်ရှိအားလုံးနဲ့တွေ့ဆုံရတယ်"ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လူဘဝတစ်သက်တာဟာ အင်မတန်တိုတောင်းပြီး၊ ကျိုးလွယ်ပျက်လွယ်ပါတယ်။ အချိန်ရဲ့တိုက်စားခြင်းကို အလွယ်တကူခံရပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်းတစ်ကျောင်းက အဲဒီလူကို လောကကြီးအကြောင်းနားလည်ဖို့၊ သူ့ရဲ့လူ့ဘဝခရီးကို စူးစမ်းရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်။

သစ်ပင်တစ်ပင်၊ စာအုပ်တစ်အုပ်၊ လူတစ်ယောက်၊ ညစာစားပွဲတစ်ခု..... ဒါတွေဟာ အပြည်ပြည်ဆိုင်ရာ ပညာရေးလောကမှာ Cambridgeတက္ကသိုလ်ရဲ့ လွှမ်းမိုးမှုတွေဖြစ်တယ်။ ထူးချွန်ထက်မြက်တဲ့ လူသားဦးနှောက်တွေကို ပိုင်ဆိုင်ထားပြီး နယူတန်၊ ဒါဝင် ကစ ဟော့ကင်းအထိ ဒီတက္ကသိုလ်ကျောင်းကြီးဟာ ကျောင်းသားတွေကို တန်ဖိုးထား၊ ချစ်ခင်နှစ်သက်ခဲ့တယ်။  အသိပညာကို လူတွေရှာဖွေဆည်းပူးကြတာဟာ တိုးတက်ဖို့ဖြစ်တယ်။ ဒီရည်ရွှယ်ချက်ထဲမှာ လူသားတွေကိုတိုးတက်စေနိုင်မယ့် နည်းလမ်း၊ အသိပညာနဲ့ ဥပဒေစည်းကမ်းအားလုံးကို လေးစားရမှာဖြစ်ပါတယ်။ ဒါဟာ Cambridgeရဲ့ဝိညာဉ်၊ 	Cambridgeရဲ့စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။

*** တရုတ်ပြည်က သတင်းထောက်၊ အစီအစဉ်တင်ဆက်သူ Chai Jing က Cambridgeတက္ကသိုလ်ကို သွားရောက်မေးမြန်းခဲ့တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုနဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ ကျွန်မဘာသာပြန်တာက စာအုပ်ထဲမှာပါတဲ့ သူ့ဆောင်းပါးအတိုင်းပါ။ အင်တာဗျူးထဲက Cambridgeတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ အပြန်အလှန်ပြောတဲ့ စကားတွေကို ဘာသာမပြန်ထားပါဘူး။ မူရင်းရေးသားသူ Chai Jing ရဲ့ဘလော့မှာ အင်တာဗျူးအစီအစဉ် ဗွီဒီယိုဖိုင်ကြည့်နိုင်ပါတယ်။ http://blog.sina.com.cn/s/blog_48b0d37b0102egcc.html

မူရင်းရေးသားသူ-- Chai Jing

နိုင်းနိုင်းစနေ (Friday, September 20, 2013)

.
ညစာစားပွဲတစ်ပွဲ

ည ၇နာရီခွဲမှာ Jesus collegeမှာကျင်းပတဲ့ ကျောင်းသား ဆရာမိတ်ဆုံစားပွဲကို ကျွန်မတို့တက်ရောက်ခဲ့ပါတယ်။ ဒါဟာ တကယ့်ခမ်းနားကြီးကျယ်တဲ့ အခါသမယပါ။ လူတိုင်း ဝတ်ရုံရှည်ဝတ်ရပါတယ်။

Cambridge ရဲ့ဝိညာဉ် (၁)

Photo: Cambridge ရဲ့ဝိညာဉ် (၁)
________________

Cambridgeတက္ကသိုလ်ရဲ့တည်ထောင်ခြင်းက အရောင်အသွေးစုံလှတယ်။ ဒီတည်ထောင်ခြင်းက အမိန့်နာမခံသူတစ်စုရဲ့ ခိုလှုံရာကနေ စခဲ့တာလည်းဖြစ်တယ်။

ဘာကြောင့် တရုတ်ကဗျာဆရာ Xu Zhimoက Cambridgeတက္ကသိုလ်ကို "ထိုးဝါးရှည်တစ်ခုနဲ့ မြက်ခင်းစိမ်းထက် ပိုစိမ်းတဲ့အရပ်ဆီ ဆန်တက်မယ်" လို့ဖွဲ့ဆိုခဲ့မှန်း ဒီနေရာကိုရောက်မှ ကျွန်မသဘောပေါက်နားလည်တော့တယ်။ နှစ်ပေါင်း ၈ဝဝကျော်သမိုင်းရှိခဲ့တဲ့ ဒီတက္ကသိုလ်ဟောင်းကြီးကို Camမြစ်နားမှာ တည်ဆောက်ထားပါတယ်။ ဒီကျောင်းဖြစ်ပေါ်လာပုံက လူသတ်မှုတစ်ခုနဲ့ဆက်နွှယ်နေတယ်လို့ လှေသမားပြောပြမှ ကျွန်မတို့သိရပါတယ်။ ၁၂ဝ၉ခုနှစ်မှာ Oxfordတက္ကသိုလ် ကျောင်းသားတစ်ဦးဟာ အရပ်သားတစ်ဦးအပေါ် လက်လွန်ပြီး မတော်တဆသတ်ခဲ့မိတယ်။ ဒါကို အရပ်သားတွေက စိတ်တိုဒေါသထွက်ပြီး Oxford တက္ကသိုလ်ထဲဝင်ရောက်ပြီး ကျောင်းသား၃ဦးကို တရားလက်လွတ် သတ်ခဲ့မိတယ်။

ဒီပဋိပက္ခမှာ ကျောင်းသား၊ ဆရာ ၃ဦးဟာ Oxford ကနေထွက်ပြေးခဲ့ကြပြီး လူသူကင်းမဲ့တဲ့ နေရာတစ်ခုဆီရောက်လာခဲ့ကြတယ်။ အဲဒီနေရာမှာပဲ တက္ကသိုလ်တစ်ခု တည်ထောင်ဖွင့်လှစ်ခဲ့တယ်။ အဲဒီတက္ကသိုလ်က ဒီကနေ့မှာ နိုဘယ်လ်ဆုရှင်အယောက်(၈ဝ)ကျော် မွေးထုတ်ပေးခဲ့တဲ့ Cambridgeတက္ကသိုလ်ပဲဖြစ်ပါတယ်။

ပန်းသီးပင်တစ်ပင်

ဒီပန်းသီးပင်ဟာ ကမ္ဘာ့သမိုင်းမှာ အထင်ကရ ပန်းသီးပင်တစ်ပင်ပဲဖြစ်ပါလိမ့်မယ်။ ဒီပန်းသီးပင်ဟာ စစမှာ Kentမြို့မှာရှိတဲ့ နယူတန်ရဲ့အိမ်နောက်ဖေးပန်းခြံမှာ စိုက်ထားခဲ့တာဖြစ်တယ်။ အသက်၂ဝကျော်စ နယူတန်ရဲ့ခေါင်းပေါ် အဲဒီပန်းသီးပင်ကပန်းသီး ကြွေကျခဲ့တာဖြစ်ပြီး ဆွဲငင်အားအကြောင်းကို သူ စတွေးတောခဲ့တာဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝက Cambridgeဟာ ဒီပန်းသီးပင်ကို ကျောင်းဝင်းထဲက Trinity College ရှေ့မှာ ပြောင်းရွေ့စိုက်ပျိုးခဲ့ပြီး တက္ကသိုလ်ရဲ့သမိုင်းမှာ အမြင့်မြတ်ဆုံးကျောင်းသားဖြစ်ခဲ့တဲ့ နယူတန်ကို အထိမ်းအမှတ်ပြုခဲ့တယ်။

ပန်းသီးပင်အောက်မှာ ကျွန်မတို့အကြာကြီးရပ်ခဲ့ကြတယ်။ တကယ်တော့ ပန်းသီးပင်တစ်ပင်ရဲ့သက်တမ်းက ဒီလောက်မရှည်ပါဘူး။ ဒီပန်းသီးပင်က နယူတန်ရဲ့ပန်းသီးပင်မျိုးဆက်ပဲဖြစ်လိမ့်မယ်။ Cambridgeက ဘာဖြစ်လို့ ပန်းသီးပင်ကို နေရာရွေ့ခဲ့တာလဲ။ လမ်းမှာတွေ့တဲ့ကျောင်းသားတချို့ကို ကျွန်မတို့မေးခဲ့ကြတယ်။ ကျောင်းသားတစ်ဦးက "ကျောင်းက ကျောင်းသားတွေကို သတိပေးချင်တာပါ။ ပန်းသီးဘယ်အချိန်ကြွေကျမယ်ဆိုတာကို သင်မသိနိုင်ဘူး။ သုတေသနလုပ်တာကလည်း လျှပ်တစ်ပြက်ဉာဏ်လိုပါတယ်။ ဒါပေမယ့် အချိန်တော်တော်များများမှာ နှစ်ပေါင်းတော်တော်ကြာ စောင့်ရတာမျိုးလည်းရှိခဲ့ပါတယ်"လို့ ပြောပါတယ်။ နိုဘယ်လ်ဆုကို လောလောလတ်လတ်ရထားခဲ့တဲ့ Father of IVF (In vitro fertilisation) လို့တင်စားခံခဲ့ရတဲ့ Cambridgeက ပါမောက္ခ Robert G. Edwardsဟာ သူမအောင်မြင်ခင် နှစ်ပေါင်း၁၄နှစ်လုံးလုံး ကြိုးစားသမျှ ဘာအကျိုးမှ မဖြစ်ထွန်းခဲ့ပါဘူး။

စာအုပ်တစ်အုပ်

"The Night Climbers of Cambridge" ဆိုတဲ့စာအုပ်ကို Cambridgeရဲ့စာအုပ်ဆိုင်တန်းမှာ ကျွန်မတို့ဝယ်ခဲ့ပါတယ်။ ဒီစာအုပ်ကို Cambridgeကျောင်းသားတော်တော်များများ ဖတ်ခဲ့ဖူးကြတယ်လို့ ဆိုတယ်။ ဒီစာအုပ်ထဲမှာ Cambridgeတက္ကသိုလ်ရဲ့ အဆောက်အဦးတစ်ခုစီကို ဘယ်လိုတွယ်တက်ရမယ့်အကြောင်း အသေးစိတ်ရေးထားသလို နှစ်ပေါင်းများစွာတည်းက ညအချိန်မှာ အဆောက်အဦးပေါ်တက်ခဲ့တဲ့ Cambridgeကျောင်းသားတွေရဲ့ ထူးဆန်းမှုတွေကိုလည်း မှတ်တမ်းတင်ထားပါတယ်။

Cambridgeတက္ကသိုလ်ရဲ့ ကောင်စီအစည်းအဝေးခန်းမ အဆောက်အဦးကို တင်းတင်းကြပ်ကြပ် စောင့်မတ်ထားပါတယ်။ ဒီအဆောက်အဦးကို Cambridgeရဲ့နှလုံးသားလို့ တင်စားကြပါတယ်။ နှစ်စဉ်နှစ်တိုင်းရဲ့ ဘွဲ့နှင်းသဘင်ကို ဒီနေရာမှာပဲ ကျင်းပပါတယ်။ Cambridgeတက္ကသိုလ်ရဲ့ တကယ့်မြင့်မြတ်တဲ့ နေရာတစ်ခုပါ။ ဒါပေမယ့် ၁၉၅၈ခုနှစ် မနက်ခင်းတစ်ခုမှာ လူတွေဒီအဆောက်အဦးရှေ့ ဖြတ်သန်းချိန် အဆောက်အဦးရဲ့ခေါင်မိုးထက်မှာ Austinတံဆိပ် ကားငယ်တစ်စီးကို ထူးထူးဆန်းဆန်းတွေ့ခဲ့ကြတယ်။ ခေါင်မိုးထက် ဒီကားဘယ်လိုရောက်နေကြောင်းကို ဘယ်သူမှမသိခဲ့ကြဘူး။ အဲဒီခေတ်က အလေးမကိရိယာ အနေအထားကလည်း ကားတစ်စီးကို မပျက်မယွင်းဘဲ မီတာ၂ဝကျော်အမြင့်ရှိတဲ့ ခေါင်မိုးပေါ်တင်ဖို့ရာလည်း မဖြစ်နိုင်ခဲ့ဘူး။ ကားကို ခေါင်မိုးထက်ကချဖို့တောင် တစ်စစီဖြုတ်ပြီးမှ ချခဲ့ရတယ်။

ခေါင်မိုးထက်က ကားက Cambridgeတက္ကသိုလ်ရဲ့ ထူးဆန်းအံ့သြမှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒီထက်ပိုပြီး ကျွန်မကို အံ့သြစေတာက ဘယ်ကျောင်းသားတွေက ကားကို ဘယ်လိုနည်းနဲ့အသုံးပြုပြီး ခေါင်မိုးပေါ်တင်ခဲ့တယ်၊ အမိန့်အာဏာကို ဖီဆန်ခဲ့တယ်ဆိုတဲ့အကြောင်း မဟုတ်ပါဘူး... နောက်ပိုင်းမှာ ဒီကိစ္စကို ဘယ်ကျောင်းသားတွေလုပ်မှန်း သိရက်နဲ့ အဲဒီကျောင်းသားတွေကို ကျောင်းက မထုတ်ဖော်၊ မကြေညာခဲ့သလို ကျောင်းသားတွေကို ဒဏ်မပေးခဲ့တဲ့အကြောင်းပဲဖြစ်တယ်။ အဲဒီကျောင်းသားတွေကို ကျောင်းက ရှန်ပိုင်တစ်သေတ္တာတောင် တိတ်တိတ်လေးလက်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

(** ဆက်ရေးဦးမယ်.. မပြီးသေးဘူး.. စာကရှည်တော့ ဖတ်ရတာ ပျင်းမှာစိုးလို့။ မနေ့ကငှားခဲ့တဲ့ Readers ဆိုတဲ့ တရုတ်မဂ္ဂဇင်းတစ်စောင်ထဲက စာတစ်ပုဒ်ပါ.. စိတ်ဝင်စားစရာကောင်းလို့ ဘာသာပြန်မျှဝေပါတယ်။)

ညစာစားပွဲတစ်ပွဲ

ည ၇နာရီခွဲမှာ Jesus collegeမှာကျင်းပတဲ့ ကျောင်းသား ဆရာမိတ်ဆုံစားပွဲကို ကျွန်မတို့တက်ရောက်ခဲ့ပါတယ်။ ဒါဟာ တကယ့်ခမ်းနားကြီးကျယ်တဲ့ အခါသမယပါ။ လူတိုင်း ဝတ်ရုံရှည်ဝတ်ရပါတယ်။

ညစာစားပွဲမှာ ကြက်သား၊ ရေလုံပြုတ်မုန်လာဥနီနဲ့ အရွက်စိမ်းတချို့ပါပါတယ်။ ခင်းကျင်းတဲ့နေရာက သိပ်မကျယ်ပါဘူး။ ဒါပေမယ့် ဒီညစာစားပွဲကိုကြည့်ပြီး ကျွန်မလိုပဲ "ဟယ်ရီပေါ်တာ"ထဲက Magic Schoolကို သင်သတိရမိပါလိမ့်မယ်။ ဒါဟာ နှစ်ပေါင်း ၈ဝဝကျော်သမိုင်းရှိခဲ့တဲ့ Cambridgeတက္ကသိုလ်ရဲ့ အစဉ်အလာဖြစ်ပါတယ်။ အချိန်အတိအကျ တက်ရောက်ရပါတယ်။

ဒီခမ်းနားကြီးကျယ်တဲ့ ညစာစားပွဲမှာ ပါမောက္ခနဲ့ပညာရှင်တွေက ခန်းမရဲ့အမြင့်ဆုံးနေရာမှာ နေရာယူကြပြီး ကျောင်းသားတွေက အောက်က စားပွဲခုံရှည်မှာ နေရာယူရပါတယ်။ ပါမောက္ခတွေ ခန်းမထဲဝင်လာချိန် အားလုံး ထရပ်ပြီး အရိုအသေပြုရပါတယ်။ တဆက်တည်း လက်တင်ဘာသာလို ဆုတောင်းစာ ရွတ်ဖတ်ပြီးမှ ညစာကို သုံးဆောင်ရပါတယ်။ ည၉နာရီထိုးလို့ ပါမောက္ခနဲ့ပညာရှင်တွေ ထွက်ခွာသွားမှ ကျွန်မတို့ဓာတ်ပုံရိုက်ကြရတယ်။ ပါမောက္ခတွေထွက်ခွာသွားမှ ကျောင်းသူကျောင်းသားတွေဟာ လက်ခုတ်သြဘာပေးပြီး ထရပ်အော်ဟစ်ကြတယ်။ သူတို့လွတ်လွတ်လပ်လပ်ဖြစ်သွားတဲ့ အထိမ်းအမှတ်ပါ။ ပါမောက္ခတွေ ထွက်ခွာဖို့ ကျောင်းသားတွေထရပ်ချိန်မှာ ထိုင်ခုံဆွဲသံတောင် မကြားရလောက်အောင် တိတ်ဆိတ်လှပါတယ်။ ဒါကိုကြည့်ပြီး Cambridgeက ပါမောက္ခတစ်ဦးပြောခဲ့တဲ့ "တစ်ခါတလေမှာ Cambridgeရဲ့တင်းမာတည်ကြည်မှုက လူငယ်အများစုရဲ့ ဆန့်ကျင်ပုန်ကန်လိုစိတ်ကို စက္ကန့်ပိုင်းအတွင်းမှာ သတ်ပစ်နိုင်တယ်"ဆိုတဲ့စကားကို ကျွန်မသွားသတိရမိပါတယ်။

လူမှတ်မှားမိတဲ့အကြိမ်

Camမြစ်ပေါ်မှာလှေစီးနေချိန် တံတားပေါ်မှာတွေ့ရတဲ့ ဘီးတပ်ကုလားထိုင်တစ်ခုပေါ် ထိုင်နေတဲ့ပုံရိပ်က ကျွန်မတို့ကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ လှေဦးကိုလှည့်ပြီး အနီးကပ် အပြေးအလွှားလိုက်ကြည့်မှ ကုလားထိုင်ပေါ်ထိုင်နေသူဟာ ကျွန်မတို့စိတ်ကူးထဲက လူမဟုတ်မှန်း သိတော့တယ်။ မြစ်ပေါ်က ကမ္ဘာ့လှည့်ခရီးသည်တချို့လည်း ကျွန်မတို့လိုပဲ အဲဒီကုလားထိုင်ပေါ်က လူကို Stephen Hawkingလို့ အမှတ်မှားကြပါလိမ့်မယ်။ လူတိုင်းက "အိုင်းစတိုင်း"ပြီးရင် ဒီထူးချွန်ထက်မြက်တဲ့ ဘီးတပ်ကုလားထိုင်ပေါ်က အယူအဆပိုင်းဆိုင်ရာ ရူပဗေဒပညာရှင်ဖြစ်တဲ့ Hawkingကို တွေ့လိုစိတ်ပြင်းပြကြပါတယ်။ Cambridgeကို မလာခင် ဒီပညာရှင်နဲ့တွေ့ဆုံနိုင်ဖို့ ကျွန်မတို့ အကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူဟာ ကျန်းမာရေးသိပ်မကောင်းတာကြောင့် အိမ်မှာပဲအနားယူနေပြီး ဧည့်သည်တွေကို သိပ်မထွက်တွေ့ဘူးလို့ဆိုပါတယ်။ ပါမောက္ခHawkingရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ကျွန်မတို့ပါမောက္ခနဲ့တွေ့ချင်တဲ့အကြောင်းကို သိတော့ သူက သူဒီမှာအလုပ်လုပ်တာ ၅နှစ်ရှိပြီ။ ပါမောက္ခHawkingကို နှစ်ကြိမ်ပဲတွေ့ခဲ့ဖူးတယ်လို့ ပြောပြပါတယ်။

Cambridgeတက္ကသိုလ်မှာ "အချိန်စားတဲ့ ပိုးကောင်"လို့ (Corpus Clock) တင်စားခေါ်ဝေါ်တဲ့ နာရီတစ်လုံးရှိပါတယ်။ အဲဒီလိုတင်စားရတဲ့အကြောင်းရင်းက နာရီရဲ့ထိပ်မှာ ရက်စက်ကြမ်းကြုတ်တဲ့ နှံကောင်တစ်ကောင်ရှိပြီး စက္ကန့်တိုင်း ပါးစပ်ကြီးဟလိုက် ပိတ်လိုက်နဲ့ အချိန်ကိုစားနေလို့ဖြစ်တယ်။ ဒီနာရီရဲ့ နာရီချိန်သီးက အနောက်တိုင်းက အခေါင်းပုံစံပါ။ တစ်နာရီထိုးတိုင်း အသံပြင်းပြင်းနဲ့ လူတွေကို သေမင်းနဲ့တစ်လှမ်းနီးလာပြီဆိုတဲ့အကြောင်း သတိပေးတတ်ပါတယ်။ ဒီရက်စက်တဲ့ အမှန်တရားနာရီသံကြားမှာ Cambridgeရဲ့ဆောင်ပုဒ်တစ်ခု ပါဝင်ပါတယ်။ အဲဒီဆောင်ပုဒ်က ဆိုကရေးတီးရဲ့ "လောကကြီးနဲ့ ငါတို့တွေ့ဆုံကြတယ်၊ လောကကြီးနဲ့ ငါတို့တိုက်စားကြတယ်၊ ငါတို့ဟာ မရှက်မရွံ့ခံယူထားတဲ့တာဝန်နဲ့ သက်ရှိအားလုံးနဲ့တွေ့ဆုံရတယ်"ဆိုတဲ့ စကားတစ်ခွန်းဖြစ်ပါတယ်။ လူဘဝတစ်သက်တာဟာ အင်မတန်တိုတောင်းပြီး၊ ကျိုးလွယ်ပျက်လွယ်ပါတယ်။ အချိန်ရဲ့တိုက်စားခြင်းကို အလွယ်တကူခံရပါတယ်။ ဒါပေမယ့် တက္ကသိုလ်ကျောင်းတစ်ကျောင်းက အဲဒီလူကို လောကကြီးအကြောင်းနားလည်ဖို့၊ သူ့ရဲ့လူ့ဘဝခရီးကို စူးစမ်းရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်။

သစ်ပင်တစ်ပင်၊ စာအုပ်တစ်အုပ်၊ လူတစ်ယောက်၊ ညစာစားပွဲတစ်ခု..... ဒါတွေဟာ အပြည်ပြည်ဆိုင်ရာ ပညာရေးလောကမှာ Cambridgeတက္ကသိုလ်ရဲ့ လွှမ်းမိုးမှုတွေဖြစ်တယ်။ ထူးချွန်ထက်မြက်တဲ့ လူသားဦးနှောက်တွေကို ပိုင်ဆိုင်ထားပြီး နယူတန်၊ ဒါဝင် ကစ ဟော့ကင်းအထိ ဒီတက္ကသိုလ်ကျောင်းကြီးဟာ ကျောင်းသားတွေကို တန်ဖိုးထား၊ ချစ်ခင်နှစ်သက်ခဲ့တယ်။ အသိပညာကို လူတွေရှာဖွေဆည်းပူးကြတာဟာ တိုးတက်ဖို့ဖြစ်တယ်။ ဒီရည်ရွှယ်ချက်ထဲမှာ လူသားတွေကိုတိုးတက်စေနိုင်မယ့် နည်းလမ်း၊ အသိပညာနဲ့ ဥပဒေစည်းကမ်းအားလုံးကို လေးစားရမှာဖြစ်ပါတယ်။ ဒါဟာ Cambridgeရဲ့ဝိညာဉ်၊ Cambridgeရဲ့စိတ်ဓာတ်ပဲ ဖြစ်ပါတယ်။

*** တရုတ်ပြည်က သတင်းထောက်၊ အစီအစဉ်တင်ဆက်သူ Chai Jing က Cambridgeတက္ကသိုလ်ကို သွားရောက်မေးမြန်းခဲ့တဲ့ အင်တာဗျူးအစီအစဉ်တစ်ခုနဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ ကျွန်မဘာသာပြန်တာက စာအုပ်ထဲမှာပါတဲ့ သူ့ဆောင်းပါးအတိုင်းပါ။ အင်တာဗျူးထဲက Cambridgeတက္ကသိုလ်ကျောင်းအုပ်ကြီးနဲ့ အပြန်အလှန်ပြောတဲ့ စကားတွေကို ဘာသာမပြန်ထားပါဘူး။ မူရင်းရေးသားသူ Chai Jing ရဲ့ဘလော့မှာ အင်တာဗျူးအစီအစဉ် ဗွီဒီယိုဖိုင်ကြည့်နိုင်ပါတယ်။ http://blog.sina.com.cn/s/blog_48b0d37b0102egcc.html

မူရင်းရေးသားသူ-- Chai Jing

နိုင်းနိုင်းစနေ (Friday, September 20, 2013)

.
Cambridgeတက္ကသိုလ်ရဲ့တည်ထောင်ခြင်းက အရောင်အသွေးစုံလှတယ်။ ဒီတည်ထောင်ခြင်းက အမိန့်နာမခံသူတစ်စုရဲ့ ခိုလှုံရာကနေ စခဲ့တာလည်းဖြစ်တယ်။

Photodex ProShow Producer 5.0.3310

ဒီတစ်ခေါက် တင်ပေးလိုက်တဲ့ ဆော့ဝဲလ်ကတော့ ဟိုအရင်တစ်ခေါက် တစ်ပေးလိုက်တဲ့ Proshow Gold ထက် ပိုကောင်းပါတယ်။ ဒီဆော့ဝဲလ်လေးကတော့ အရင်ထက်ကို ပိုပြီးတော့ ဖန်တီးလို့ရပါတယ်။ ဓါတ်ပုံတွေကို effect အမျိုးမျိုးထည့်နိုင်သလို ၊ စာသားကိုလည်း ကြိုက်သလို ထည့်သွင်းနိုင်ပါတယ်။ ဒီဆော့ဝဲလ်လေးက HD version အထိကို ပြုလုပ်နိုင်တော့ ရုက်ထွက်အနေနဲ့ ပိုပြီး ကြည်လင်ပြတ်သားတာကို တွေ့ရပါတယ်ဗျ။

ဥပဒေ

Photo: ကလေးတစ်ယောက်က "ဒါ သားရဲ့ကစားစရာအရုပ်"လို့ပြောရင် ဒါဟာ ပိုင်ဆိုင်မှုဥပဒေပဲ။

ကလေးတစ်ယောက်က "ဝယ်ပေးမယ်လို့ မေမေပြောထားပြီးသာလေ"လို့ပြောရင် ဒါဟာ သဘောတူစာချုပ်ပဲ။

ကလေးတစ်ယောက်က "သားကို သူအရင်ရိုက်တာ"လို့ပြောရင် ဒါဟာ ရာဇဝတ်ပြစ်မှုပဲ။

ကလေးတစ်ယောက်က "ဖေဖေက ရတယ်လို့ ပြောပြီးသား"လို့ပြောရင် ဒါဟာ ပြဌာန်းဥပဒေပဲ။ ------  ဥပဒေပါမောက္ခ Harold J. Berman
.
ကလေးတစ်ယောက်က "ဒါ သားရဲ့ကစားစရာအရုပ်"လို့ပြောရင် ဒါဟာ ပိုင်ဆိုင်မှုဥပဒေပဲ။
ကလေးတစ်ယောက်က "ဝယ်ပေးမယ်လို့ မေမေပြောထားပြီးသာလေ"လို့ပြောရင် ဒါဟာ သဘောတူစာချုပ်ပဲ။
ကလေးတစ်ယောက်က "သားကို သူအရင်ရိုက်တာ"လို့ပြောရင် ဒါဟာ ရာဇဝတ်ပြစ်မှုပဲ။
ကလေးတစ်ယောက်က "ဖေဖေက ရတယ်လို့ ပြောပြီးသား"လို့ပြောရင် ဒါဟာ ပြဌာန်းဥပဒေပဲ။ ------ 

ဥပဒေပါမောက္ခ Harold J. Berman

နိုဘယ်လ်ဆုရှင်ရဲ့ ကားရပ်နားရာနေရာ

Photo: နိုဘယ်လ်ဆုရှင်ရဲ့ ကားရပ်နားရာနေရာ

အမေရိကန်ကယ်ရီဖိုးနီးယားတက္ကသိုလ်နယ်မြေခွဲ Berkeleyကျောင်းဝင်းမှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ Saul Perlmutter ဟာ ၂ဝ၁၁ခုနှစ်မှာ တခြားပညာရှင်နှစ်ဦးနဲ့အတူ ရူပဗေဒနိုဘယ်လ်ဆုကို ရရှိခဲ့ပါတယ်။ နိုဘယ်လ်ဆုရကြောင်းသတင်း သူကြားသိချိန်ဟာ သူစာမေးပွဲခန်းစောင့်နေချိန်ဖြစ်တယ်။ သူဆုရတဲ့သတင်းကို ကြားတာနဲ့ "ကျွန်တော့်အတွက် ကိုယ်ပိုင် ကားပတ်ကင်ရပြီပေါ့"လို့ပဲ အားလုံးကို သူတည်တည်ငြိမ်ငြိမ်ပြောခဲ့ကြောင်းကို ကျောင်းတွင်းဝက်ဆိုက်ဒ်ကနေတဆင့် သိခဲ့ရပါတယ်။

တကယ်လို့ သင်ဟာနိုဘယ်ဆုရှင်တစ်ဦးဖြစ်တယ်ဆိုရင် Berkeleyကျောင်းက သင့်ကို ဘာဆုချမလဲ။ ငွေကြေးလား၊ လုံးချင်းအိမ်တစ်ဆောင်လား၊ ဂုဏ်ပုဒ်တွေလား၊ ကမ္ဘာပတ်ဟောပြောပွဲလား... ဒါတွေ တစ်ခုမှ မဟုတ်ပါဘူး။

တကယ်လို့ Berkeleyကျောင်းကိုသွားရောက်ပြီး အင်တာဗျူးမလုပ်ခဲ့ရင် နိုဘယ်လ်ဆုနဲ့ ကားရပ်နားရာနေရာဟာ ဘယ်လိုပတ်သက်ကြောင်းကို စာရေးသူလည်းသိမှာမဟုတ်ပါဘူး။ စာရေးသူတို့ အင်တာဗျူးသွားရောက်မေးမြန်းတုန်းက စာကြည့်တိုက်မှူးက "NL"လို့ရေးထားတဲ့ ဆိုင်းဘုတ်တွေစိုက်ထူထားတဲ့ ကားရပ်နားရာနေရာကို ညွှန်ပြပြီး "ဒီကားရပ်နားရာနေရာက နိုဘယ်လ်ဆုရှင်တွေရဲ့ကား ရပ်ဖို့နေရာပါ။ တခြားကားတွေ ရပ်လို့မရပါဘူး။ ဒါဟာ နိုဘယ်လ်ဆုရှင်တွေအတွက် ကျောင်းကပေးထားတဲ့တစ်ခုတည်းသော ဆုပါပဲ"လို့ ပြောပါတယ်။

Berkeleyကျောင်းက ရှုခင်းအင်မတန်လှသလို ပတ်ဝန်းကျင်ကလည်း သက်ဝင်ထကြွပါတယ်။ ဒါပေမယ့် ကားတွေ ဝင်ချင်တိုင်းဝင်ခွင့်မရှိပါဘူး။ ကားရပ်ဖို့က ပိုဆိုးတာပေါ့။ NL က Nobel Laureate ရဲ့အတိုကောက်ပါ။ ဒီလို အပြာရောင် ကားသီးသန့်ရပ်နားခွင့် အမှတ်အသားဟာလည်း နိုဘယ်လ်ဆုရှင်တွေကို အရိုအသေပေးတဲ့ ကျောင်းရဲ့တမူထူးခြားတဲ့ပုံစံဖြစ်တယ်။ Berkeleyကျောင်းဝင်းထဲမှာ စာရေးသူတွေ့ရတဲ့ သီးသန့်ကားရပ်နားရာနေရာမှာ မသန်စွမ်းသူတို့ရဲ့ကားရပ်နားတဲ့နေရာကလွဲရင် ကျန်တဲ့ကားရပ်နားရာနေရာက နိုဘယ်လ်ဆုပိုင်ရှင်တွေရဲ့ ကားပဲဖြစ်ပါတယ်။ NL ကားရပ်နားရာနေရာတစ်ခုမှာ တောင်တက်စက်ဘီး(mountain bike)တစ်စီးကိုလည်း တွေ့ခဲ့ပါသေးတယ်။ ဒီနေရာပိုင်ရှင်ရဲ့ ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းနေမှာပါပဲ။

သမိုင်းတစ်လျှောက်မှာ Berkeleyကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒါမှမဟုတ် တာဝန်ထမ်းဆောင်နေတဲ့ နိုဘယ်လ်ဆုရှင်ပေါင်း ၆၆ဦးထက်မနည်း ရှိခဲ့ပါတယ်။ အဲဒီကျောင်းရဲ့ ရူပဗေဒကျောင်းဆောင်ရှေ့မှာပဲ NL ကားရပ်နားရာနေရာ ၅ နေရာရှိပါတယ်။

နိုဘယ်လ်ဆုရခဲ့ပေမယ့် လခမတိုးဘူး၊ ခါတိုင်းလိုပဲ ပုံမှန်စာပြ၊ ပုံမှန်စာမေးပွဲခန်းစောင့်၊ ပုံမှန် လက်တွေ့စမ်းသပ်မှုတွေလုပ်တာပဲ။ ပိုလာတာတစ်ခုက ကားရပ်ဖို့ ကိုယ်ပိုင် ကားရပ်နားရာနေရာတစ်ခု ရသွားတာပါပဲ။ 

ဒီဆုပေးတဲ့အတိုင်းအတာနဲ့ ပတ်သက်ပြီး Berkeley ပါမောက္ခက "ပညာရေးသုတေသနလုပ်ချိန်မှာ တကယ်လို့ ငြိမ်သက်တည်ငြိမ်တဲ့စိတ်မရှိရင် ရှေ့ဆက်လုပ်လို့မရသလို တိုးတက်ဖို့ဆိုတာ ပိုတောင်မဖြစ်နိုင်ဘူး"လို့ ပြောပါတယ်။

Laureate(စာပေပညာ(သို့)စစ်ပညာမှာ ထူးချွန်အောင်မြင်သူကို အသိအမှတ်ပြုတဲ့ဂုဏ်ပုဒ်) သရဖူကို Laurus nobilis အကိုင်းအခက်နဲ့ ကျစ်ထားတာဖြစ်တယ်။ ဒီသရဖူမှာ လင်းလက်တောက်ပနေတာက ရွှေကြောင့် စိန်ကြောင့်မဟုတ်ပါဘူး။ တည်တံ့ခိုင်မြဲတဲ့ မွှေးရနံ့ကြောင့်ပါ။ တမူထူးတဲ့၊ မဝင့်ကြွားတဲ့ တည်ငြိမ်မှုတွေက ဒီLaureateရဲ့အနှစ်သာရပဲဖြစ်ပါတယ်။ နိုဘယ်လ်ဆုက ကျော်စောမှု ဂုဏ်သရေမဟုတ်ပါဘူး..တစ်သက်တာအောင်မြင်မှုဆုလည်း မဟုတ်ပါဘူး... လက်ရွေးစင်သူရဲကောင်းတွေကို မသိခြင်းနယ်ပယ်ထဲ ဆက်လက်စူးစမ်းရှာဖွေဖို့၊ လူ့အဖွဲ့အစည်းကို ရှေ့ဆက်တိုးတက်စေမယ့် လှုံ့ဆော်အား၊ ပြင်းပြစိတ်တွေ မပျောက်ပျက်ဖို့  နှိုးဆွပေးတာပဲဖြစ်ပါတယ်။

Berkeleyကျောင်းကနေ ဘာကြောင့် နိုဘယ်လ်ဆုရှင် ၆ဝဦးကျော်ပေါ်ထွက်ခဲ့သလဲ... "ကားရပ်နားရာနေရာလုဖို့" ဆိုတာက အကြောင်းပြချက်တွေထဲကတစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

မူရင်းရေးသားသူ -- Fu Qin
မူရင်းလင့်-- http://aidu.hbust.org/renwu/201304248088.html

နိုင်းနိုင်းစနေ (22. Sept. 2013)
.
အမေရိကန်ကယ်ရီဖိုးနီးယားတက္ကသိုလ်နယ်မြေခွဲ Berkeleyကျောင်းဝင်းမှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခ Saul Perlmutter ဟာ ၂ဝ၁၁ခုနှစ်မှာ တခြားပညာရှင်နှစ်ဦးနဲ့အတူ ရူပဗေဒနိုဘယ်လ်ဆုကို ရရှိခဲ့ပါတယ်။ နိုဘယ်လ်ဆုရကြောင်းသတင်း သူကြားသိချိန်ဟာ သူစာမေးပွဲခန်းစောင့်နေချိန်ဖြစ်တယ်။ သူဆုရတဲ့သတင်းကို ကြားတာနဲ့ "ကျွန်တော့်အတွက် ကိုယ်ပိုင် ကားပတ်ကင်ရပြီပေါ့"လို့ပဲ အားလုံးကို သူတည်တည်ငြိမ်ငြိမ်ပြောခဲ့ကြောင်းကို ကျောင်းတွင်းဝက်ဆိုက်ဒ်ကနေတဆင့် သိခဲ့ရပါတယ်။

ကြံ့ခိုင်ခြင်း

Photo: တခြားလူတွေနဲ့ မနှိုင်းယှဉ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုကျော်လွန်နိုင်ဖို့ တောင်းဆိုပါတယ်။
ငိုမယ်ဆို အားရပါးရ ငိုလိုက်... ခံစားရသမျှ ပေါက်ကွဲထွက်စေ။
ရယ်မယ်ဆို လွတ်လွတ်လပ်လပ်ရယ်လိုက် .... ကြီးပြင်းရင့်ကျက်တဲ့လက္ခဏာ အထင်းသားပေါ်စေ။
မျက်ရည်နဲ့ ဒီကနေ့ကိုမုန်းနေမယ့်အစား ချွေးစက်နဲ့ ဒီကနေ့ကို ရုန်းကန်လိုက်ပါ။
မျက်ရည်တွေကုန်ခမ်းသွားတဲ့အခါ ကျန်ရှိနေခဲ့သင့်တာက "ကြံ့ခိုင်သန်မာခြင်း" ပဲဖြစ်တယ်။

အလှတစ်မျိုးကို "ကြံ့ခိုင်ခြင်း"လို့ခေါ်တယ်..
.
တခြားလူတွေနဲ့ မနှိုင်းယှဉ်ပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုကျော်လွန်နိုင်ဖို့ တောင်းဆိုပါတယ်။
ငိုမယ်ဆို အားရပါးရ ငိုလိုက်... ခံစားရသမျှ ပေါက်ကွဲထွက်စေ။
ရယ်မယ်ဆို လွတ်လွတ်လပ်လပ်ရယ်လိုက် .... ကြီးပြင်းရင့်ကျက်တဲ့လက္ခဏာ အထင်းသားပေါ်စေ။
မျက်ရည်နဲ့ ဒီကနေ့ကိုမုန်းနေမယ့်အစား ချွေးစက်နဲ့ ဒီကနေ့ကို ရုန်းကန်လိုက်ပါ။
မျက်ရည်တွေကုန်ခမ်းသွားတဲ့အခါ ကျန်ရှိနေခဲ့သင့်တာက "ကြံ့ခိုင်သန်မာခြင်း" ပဲဖြစ်တယ်။

အလှတစ်မျိုးကို "ကြံ့ခိုင်ခြင်း"လို့ခေါ်တယ်...

ပညာရွှေအိုး လူမခိုးနိုင်သော်လည်း

Written by - သူရိန်လှိုင်ဝင်း

ကျွန်တော်တို့ ငယ်ငယ်က ထပ်ကာတလဲလဲ ကြားဖူးခဲ့တဲ့ ပုံပြင်လေး တစ်ပုဒ်ရှိတယ်။ ဆင်းရဲတဲ့ လူနှစ်ယောက်ကို အသပြာတစ်ထောင်ထုပ် တစ်ထုပ်နဲ့ ပညာဘယ်အရာကို ယူမလဲလို့ မေးတဲ့အခါ တစ်ယောက်က အသပြာတစ်ထောင် ထုပ်ကိုယူပြီး တစ်ယောက်ကတော့ ပညာကို ယူခဲ့တယ်။ အချိန်အနည်းငယ် အကြာမှာတော့ အသပြာတစ်ထောင်ထုပ် ယူခဲ့တဲ့သူက ငွေတွေ ကုန်သွားတဲ့အခါ အရင်လို ဘ၀မျိုးကိုပဲ ပြန်ရောက်သွားခဲ့ပြီး ပညာကို ရွေးချယ်လိုက်တဲ့ လူကတော့ သူသင်ကြား လိုက်ရတဲ့ ပညာကို အရင်းတည်ပြီး လုပ်ကိုင်တာ တစ်သက်လုံး ချမ်းချမ်းသာသာနဲ့ နေထိုင်သွားရတယ်ဆိုတဲ့ ပုံပြင်လေးပေါ့။ ပုံပြင်ရဲ့ ပေးချင်တဲ့ သင်ခန်းစာကတော့ ရိုးရိုးရှင်းရှင်းလေးပါ။ ငွေကြေး အရင်းအနှီး ဆိုတာ ကြာရှည်မခံဘူး ကုန်ခန်းသွားနိုင်တယ်။ ပညာအရင်းအနှီးကသာ တစ်သက်တာပတ်လုံး မကုန်မခန်းနိုင် သုံးစွဲနိုင်တယ်။ ပညာရွှေအိုး လူမခိုးနိုင်ဘူး ဆိုတဲ့ သဘောပါပဲ။

အရှုံးကိုဝန်ခံတဲ့ အရည်အချင်း

Photo: အရှုံးကိုဝန်ခံတဲ့ အရည်အချင်း
_____________________

အနောက်နိုင်ငံသားတွေ အမြဲပြောတယ်။ 

"ဒီမိုကရေစီအရည်အချင်းဆိုတာ ကျောင်းဘောလုံးပြိုင်ပွဲကနေ လေ့ကျင့်ပေးလိုက်တာ"တဲ့။ ဒီလိုလေ့ကျင့်ပေးလိုက်တဲ့ ဒီမိုကရေစီအရည်အချင်းရဲ့ နံပါတ်တစ်အချက်က အရှုံးကိုဝန်ခံတဲ့အရည်အချင်းဖြစ်တယ်။ --- ရှုံးရဲတယ်၊ လှလှပပရှုံးဝံ့တယ်။

အမေရိကန်ရွေးကောက်ပွဲနှစ်တွေမှာ နိုင်ငံရေးသမားတို့ရဲ့ လူထုဟောပြောပွဲတွေကို ကြည့်ဖန်များရင် သူတို့ရဲ့စည်းကမ်းဥပဒေကို ဖော်ထုတ်တတ်လာတယ်။ ကိုယ့်ပါတီ၊ ကိုယ့်ပါတီဝင်ရဲ့ မူဝါဒသဘောထားတွေက ပြည်သူ့အပေါ်အကျိုးရှိစေမယ်ဆိုတာမျိုးကို ဆိုလိုတာမဟုတ်ဘူး.. တစ်ဘက်ပါတီရဲ့မူဝါဒက တိုင်းပြည်ကိုနစ်နာ၊ ပြည်သူကိုနစ်နာစေတယ်ဆိုတာတွေ ဖြစ်တယ်။ ဒါတွေက ကြားဖန်များရင် စိတ်ကုန်ဖို့ကောင်းလာတယ်။ ဒါပေမယ့် ဟောပြောပွဲတစ်ခုကိုတော့ အခွင့်ရရင်ရသလို ကျွန်တော်နားထောင်ဖြစ်၊ ကြည့်ဖြစ်တယ်။ အဲဒီဟောပြောပွဲက ရွေးကောက်ပွဲပြီးတဲ့နောက်တစ်ရက်မှာ ရွေးကောက်ပွဲရှုံးနိမ့်သွားသူရဲ့ အရှုံးကိုဝန်ခံတဲ့ဟောပြောပွဲဖြစ်တယ်။

ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ... ရှေ့တစ်ရက်ကပဲ ဒီသမ္မတအဖြစ်အရွေးခံမယ့်လူဟာ လူစုလူဝေးရှေ့မှာ စကားတွေ လေးလေးနက်နက် ပြတ်ပြတ်သားသားပြောလို့။ တစ်ဘက်လူထက် ကိုယ်ဘယ်လောက် တော်ကြောင်း၊ တတ်ကြောင်းတွေ။ အခုတော့ ပြည်သူပေးတဲ့မဲအရေအတွက်နဲ့ အဆုံးအဖြတ်ပေးတော့ စည်းမျဉ်းအတိုင်း ဒီရွေးကောက်ပွဲရှုံးသူဟာ ပြည်သူလူထုရှေ့မှာပဲ ရှုံးကြောင်းဝန်ခံရတယ်။ ဒီမျက်နှာ ဘယ်နားထားမလဲ၊ ဒီအရှုံးဝန်ခံတဲ့ဟောပြောပွဲကို ဘယ်လိုပြောရမလဲ။

အရှုံးကိုဝန်ခံတဲ့ဟောပြောပွဲက ဗီဒီယိုကင်မရာရှေ့မှာပြောရတယ်။ များသောအားဖြင့် စစချင်းတစ်ခွန်းမှာပြောတာက "ကျွန်တော်ခုနားကပဲ အရွေးခံရသူဆီ ဖုန်းဆက်ပြီး သူသမ္မတရွေးခံရတာကို ဝမ်းမြောက်ကြောင်း ဂါဝရပြုလိုက်ပါပြီ"။  စည်းမျဉ်းစည်းကမ်းအတိုင်း ရွေးကောက်ပွဲရှုံးသူက သူ့ကိုအားပေးထောက်ခံတဲ့ ပြည်သူလူထုတွေထံ "အခု... ကျွန်တော်တို့ရဲ့ပြိုင်ဘက်ပါတီက သမ္မတအဖြစ် ရွေးချယ်ခံလိုက်ရပါပြီ။ သူဟာ အမေရိကန်နိုင်ငံသားတို့ရဲ့ သမ္မတပါ၊ ကျွန်တော့်ရဲ့သမ္မတ၊ ခင်ဗျားတို့ရဲ့သမ္မတပါ"လို့  အယူခံဝင်ပါတယ်။

အရှုံးဝန်ခံဟောပြောပွဲက စည်းလုံးမှုရဲ့ဟောပြောပွဲဖြစ်တယ်။ ရှုံးနိမ့်သူရဲ့ တစ်နှစ်နီးပါးကာလအတွင်း လှုပ်ရှားလှုံ့ဆော်ခဲ့တဲ့ နောက်ဆုံးအကြိမ် ဟောပြောပွဲဖြစ်တယ်။ ပြိုင်ပွဲက အနိုင်အရှုံးရလဒ်ကို သိနေပြီ... ရှုံးတဲ့သူက ဒီနောက်ဆုံးအရှုံးဝန်ခံပွဲကို ကောင်းကောင်းသရုပ်ဆောင်ရပါတယ်။ အရှုံးကိုဝန်ခံတဲ့အရည်အချင်းဟာ နိုင်ငံရေးသမားအတွက် အရေးပါတဲ့အရာမို့ပါ။ 

ဒီမိုကရေစီနိုင်ငံရေးကို "မျှတတဲ့ကစားပွဲ"လို့ အမြဲတင်စားပါတယ်။ အိုလံပစ်အားကစားပြိုင်ပွဲအတိုင်း တန်းတူတဲ့စည်းမျဉ်းစည်းကမ်းအောက်မှာ ပြိုင်ပွဲဝင်ကြပါတယ်။ အနောက်နိုင်ငံသားတွေက "ဒီမိုကရေစီအရည်အချင်းဆိုတာ ကျောင်းဘောလုံးပြိုင်ပွဲကနေ လေ့ကျင့်ပေးလိုက်တာ"လို့ အမြဲပြောတယ်။ ဒီလိုလေ့ကျင့်ပေးလိုက်တဲ့ ဒီမိုကရေစီအရည်အချင်းရဲ့ နံပါတ်တစ်အချက်က အရှုံးကိုဝန်ခံတဲ့အရည်အချင်းဖြစ်တယ်။ --- ရှုံးရဲတယ်၊ လှလှပပရှုံးဝံ့တယ်။

ဒါကြောင့် ရွေးကောက်ပွဲရှုံးသူရဲ့ အရှုံးဝန်ခံဟောပြောပွဲက အရေးပါပါတယ်။ စကားကို လှလှပပပြောသလား မပြောဘူးလား... ဒါဟာ စိတ်ပန်းလူပန်း သူအစွမ်းကုန်ကြိုးစားခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့အတွက် အကောင်းဆုံး အဆုံးသတ်ပုဒ်မတစ်ခုအဖြစ် သက်ရောက်သွားမှာဖြစ်တယ်။ ရွေးကောက်ပွဲမှာပါဝင်တဲ့ ပြည်သူလူထုအနေနဲ့က ဒီပွဲဟာ အရွေးမခံရသူမှာ ကျဉ်းမြောင်းတဲ့စိတ်၊ သဘောထားသေးသိမ်တဲ့စိတ်ရှိ မရှိ စမ်းသပ်တာပဲဖြစ်တယ်။ အရွေးမခံရသူမှာ ဒီမိုကရေစီနိုင်ငံရေးသမားတို့ ရှိအပ်တဲ့အရည်အချင်းရှိ မရှိ ဆန်းစစ်တာပဲဖြစ်တယ်။

အမေရိကန်သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်မယ့်သူတွေဟာ ဒီသဘောထားကို နားလည်ထားကြတယ်။ ဒါကြောင့် ကံမကောင်းအကြောင်းမလှလို့ အရှုံးဝန်ခံတဲ့အရည်အချင်းကို ထုတ်ဖော်ပြသရတဲ့အခါ မျှော်လင့်ချက်မဲ့တဲ့အနေအထားကို ရောက်သွားသည့်တိုင် ရှိသမျှအင်အားနဲ့ စင်ပေါ်မှာ နောက်ဆုံးသရုပ်ကို အကောင်းဆုံးဆောင်သွားတတ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲပြီးတိုင်း အရှုံးဝန်ခံဟောပြောပွဲတွေ ကြားနားထိုက်တဲ့အကြောင်းရင်းပဲ ဖြစ်ပါတယ်။

မူရင်းရေးသားသူ -- Lín dá
မူရင်းလင့် -- http://qmch6946.blog.163.com/blog/static/10564958020130673328764/
 
နိုင်းနိုင်းစနေ(26, Sept, 2013)