၁၃၇၅ မှာ လုပ်ငန်းစီးပွားကို ဘယ်လိုလုပ်သင့်သလဲ

တနင်္ဂနွေ သားသမီးများသည် ရာထူးတိုးရန် ၊ အလုပ်နေရာကောင်း ၊ အခွင့်အရေးကောင်းများရရန်၊ ဆုထူးဘွဲ့ထူးများ ရရန်နှင့် အလုပ်လျှောက်ခြင်း ၊ အင်တာဗျူးဖြေခြင်း၊ လေလံဆွဲခြင်း၊ အလုပ်နေရာ အိမ်နေရာ အပြောင်းအရွေ့ စသည်တို့၌ အထူးအားပြု ကြိုးစားသင့်ပါည်။

တနင်္လာသားသမီးများသည် နာမည် ဂုဏ်သတင်း ထင်ပေါ်ကျော်ဇောရန်နှင့် လူအမျာ၏ ချစ်ခင်လေးစား ယုံကြည် ကိုးစားမှု့ကို ရရှိရန်နှင့် လက်ရှိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့ရန် စသည်တို့၌ အထူးအားပြု ကြိုးစားသင့်ပါသည်။

အင်္ဂါသားသမီးများသည် အလုပ်ပြောင်း နေရာပြောင်း အိမ်ပြောင်း လုပ်ငန်းသစ် နေရာသစ် အပြောင်းအရွေ့ခရီးလှည့်လည် သွားလာရသော အလုပ်များ စသည်တို့၌  အထူးအားပြု ကြိုးစားသင့်ပါသည်။

ဗုဒ္ဓဟူးသားသမီးများသည် မည်သည့်အပြောင်းအလဲ ကြီးကြီးမားမားကိုမျှ မကြိုးစားပဲ လက်ရှိအလုပ် ၊ လက်ရှိနေရာ၊ လက်ရှိအခြေအနေတွင်သာ အထူးအားပြု ကြိုးစားသင့်ပါသည်။

ကြာသပတေးသားသမီးများသည် ငွေစု၊  ပစ္စည်းစု၊ ကုန်သိုလှောင်ခြင်း၊ ပညာသင်ယူခြင်း စသည်တို့၌ အထူး အားပြု ကြိုးစားသင့်ပါသည်။

သောကြာသားသမီးများသည် ခရီးသွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ ရပ်ဝေးပြည်ပနှင့် ပတ်သက်သော အလုပ်များ ၊ ကုန်သွယ်ရေး ပွဲစားစသည်တို့၌ အထူးအားပြု ကြိုးစားသင့်ပါသည်။

စနေသားသမီးများသည် အုပ်ချုပ်ရေး၊ ဥပဒေကိစ္စ၊ အဖွဲ့အစည်း၊ လူမှု့ရေး၊ နိုင်ငံရေး၊ ပရဟိတ စသည်တို့၌ အထူးအားပြု ကြိုးစားသင့်ပါသည်။
(မနောမယဂျာနယ်ကောက်နုတ်ချက်)

0 comments: