ကမ္ဘာ့အပါးဆုံး လပ်(ပ်)တော့



ပုံသေတော့ သတ်မှတ်လို့ မရပါဘူး။ နောက်လည်း သူ့ထက် ပါးတဲ့ Laptop တွေ ကြိမ်းသေပေါ်လာအုံးမှာ ဖြစ်ပါတယ်။ သို့ပေမယ့် လောလော ဆယ် လက်ရှိ ကာလမှာတော့ အပါးဆုံး Laptop က Samsung မှ ထုတ်တဲ့ Seires 9 ဖြစ်ပါတယ်။ အထူက ၀.၆ လက်မပဲ ရှိပါတယ်။ လက်မဝက် ကျော် ရုံလေးပဲ ဖြစ်ပါတယ်။
Apple ကထုတ်တဲ့ MacBook Pro တောင် လက်ရှိ အပါးဆုံးက ၀.၇၁ လက်မ အထိပဲ Slim ဖြစ်ပါသေးတယ်။ ဒီတော့ Samsung ရဲ့  Series 9 ကို အပါးဆုံးလို့ သတ်မှတ်ထားနိုင်ပါသေးတယ်။ သူ့ရဲ့  Specification အကြမ်းဖျင်းကတော့ အောက်ပါ အတိုင်းပဲ ဖြစ်ပါတယ်။

• တတိယမျိုးဆက် Intel Core processor - Core i7 ကို အသုံးပြု ပါတယ်။

•4GB Ram

•128GB SSD, memory ထပ်တုန်းရန် SSD slot ပါဝင်ပါတယ်။

•Windows 7 operating system ( Windows 8 သို့ Upgrade လုပ်ပေး ပါတယ်။)

• ဘက်ထရီက Photoshop တို့လို ပါဝါစားတဲ့ ပရိုဂရမ်ကို သုံးရင် ၈ နာရီခံပြီး အလင်းရောင် တစ်ဝက် ထားသုံးရင် ၁၀ နာရီခံပါတယ်။

• gaming system ရတယ်လို့ မဟုတ်ပေမယ့် အင်ဂျင်ကောင်းကောင်း သုံးတဲ့ Diablo 3 တို့လို ဂိမ်းကို နိုင်ပါတယ်။

•LCD, HD+, 400 nit screen. သာမန်  Laptop တစ်လုံးထက် အလင်းရောင် ၄၀ ရာခိုင်နှုန်းပို တယ်လို့ ဆိုပါတယ်။

•Boots up in 10 seconds, 3 seconds from sleep mode

• USB 3.0 နှင့် USB 2.0 ပေါက်များ ပါရှိပါတယ်။

၁၃ လက်မ၊ ၁၅ လက်မ အရွယ်နှစ်မျိုး ထုတ်ပြီး ဈေးနှုန်းကတော့ ၁၂၉၉ ဒေါ်လာနဲ့ ၁၄၉၉ ဒေါ်လာ ဆီ ရှိကြောင်း သိရပါတယ်။
--
Ref: Samsung
Aung Kham (TSJ team)

0 comments: