မန်းတောင်ရိပ်ခို




 ရေး - မြို့မငြိမ်း၊ အေဝမ်းဆရာညှာ၊ ဦးဘသန်း

(ချိုပြုံးရွှင်သော နှမပျိုငယ် တစ်ကိုယ်လုံးပင်ချော အလှပိုတယ် မြို့မနဲ့ တစ်မိတည်းဖွားလို့ ဆိုတော့မယ်ကွယ်)

(အမောက်ကလေးတသသနဲ့ မြှောက်လို့ပေးတာ မဟုတ်ဘူးကွယ်)၂

(ယဉ်စစနဲ့ မြင်လိုက်ရတာ အဝတ်အစားမှာလည်း အလွန်တင့်တယ်)၂

ထွန်းသစ်စ လရောင်ဝယ် ခိုင်ညှာတံပွင့်လန်း ပန်းသို့နှယ် ရိုးရိုးသားသားနဲ့ ကျုပ်တို့မြို့မက ကျေနပ်တယ်

(မြနန္ဒာ ရေညိုညိုရစ်ခတ်သန်းတော့ ရွှေမန်းတောင်ရိပ် တူတူခိုမယ် ပျိုဖြူတွေရယ်)၂ ပျော်ခင်းလေးသာပါဘိတယ် နိမိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ်

(ခါးသေးနွဲ့မူယာကြွယ် လှဂုဏ်ဝင့်ထည် မာလာနွယ် ခိုင်ညှာရယ် တစ်ယောက်ဆိုတစ်ယောက်မို့ အောက်မေ့တယ် ခင်မြို့မလာပြီကွယ်/ ခင့်ရွှေမန်းလာပြီကွယ် ဆီးကြိုလို့ရယ် မောင်နှမအရင်းနှယ် ခင်မင်ရှက်သွေး ကြွမိတယ်)၂

ဇာတိမျက်ခြယ် ကျန်းမာပါစသက်လယ် သြော်လောင်းပါလေတယ် ဟင် ပက်လိုက်တော့ကွယ် နှစ်ကူးတော့မယ်ခင်ခင်ရယ် လိုက်ခဲ့ပါလား အပျင်းတော်ပြေမယ် မောင်တို့လာချေပေါ့ကွယ် ကညာမေချောရဲ့ ငွေငန်းထွက်ကာလည



--------------

လင်းယံခ

0 comments: