ကမ္ဘာ့အသေးဆုံး စမတ်ဖုန်း



ဂျပန် Willcom ကုမ္မဏီမှ ထုတ်တဲ့ ကမ္ဘာ့အသေးဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် ၂ လက်မသာ ရှိပြီး ဖန်သားမျက်နှာပြင်က ၁လက်မပဲ ရှိပါတယ်။ ဂျပန်ဖြစ်ပစ္စည်းဖြစ်တဲ့အတွက် ပစ္စည်း အကြမ်းခံမှုနဲ့  အရည်အသွေးကို အာမခံ ထားပါတယ်။ ဖုန်းပြောဖို့ သီးသန့် ဖုန်း ဖြစ်ပါတယ်။ Phone Strap 2  လို့ အမည်ပေးထားပြီး ယခင်က တစ်ခါထုတ်ဖူးပါတယ်။ သို့ပေမယ့် ဒီတစ်ကြိမ်က အသေးဆုံး ဖြစ်ပြီး ကမ္ဘာ့အသေးဆုံး ဖုန်းဖြစ်တယ် လို့တောင် ကြေညာထား ပါတယ်။

အရေအတွက်အားဖြင့် အလုံးရေ ၁၂၀၀၀ သာ ထုတ်ပြီး ကမ္ဘာတစ်ဝန်းကို အကန့်အသတ်နဲ့ သာ ဖြန့်ချိရောင်းချမှာ ဖြစ်ပါတယ်။ ဖုန်းက သေးပေ မယ့် ဈေးကတော့ မသေးပါဘူး။ Phone Strap 2 ကို ကာလတန်ဖိုး အမေရိကန် ဒေါ်လာ ၃၈၀ နဲ့ ရောင်းချမှာ ဖြစ်ကြောင်း သိရ ပါတယ်။
--
Ref: impresswatch
Aung Kham (TSJ team)

0 comments: