• စာအုပ်မျိုးစုံ

    Android, Windows, သုတ, ရသ, ဗေဒင်စသည့် လေ့လာစရာ စာအုပ်မျိုးစုံကို ဒီနေရာတွင် ရရှိနိုင်ပါသည်။

  • Android APKများ

    Android ဖုန်းအတွက် မရှိမဖြစ်လိုအပ်သော apk များကို ဒီနေရာတွင် ရယူပါ။...

  • အထွေထွေဗဟုသုတ

    နိုင်ငံတကာမှ အကြောင်းအရာများ၊ အခြားသော စိတ်ဝင်စားဖွယ် ဗဟုသုတ မျိုးစုံကို ဒီနေရာတွင် လေ့လာပါ။...

  • ဆော့ဝဲလ်များ

    သင့် ကွန်ပျူတာအတွက် လိုအပ်သော ဆော့ဝဲလ်များ၊ Update များကို ဒီနေရာတွင် ရယူပါ။...

တကယ်ချစ်လို့လား၊ အပျော်တွဲမှာလားတဲ့...

လူတစ်ယောက်က ကိုယ့်ကို ချစ်ခွင့်ပန်လာပြီဆို ဒီလူ ငါ့ကိုတကယ်ချစ်လို့လား၊ အပျော်တွဲမှာလား၊ စဉ်းစားပေးရင်ကောင်းမလား၊ ပြန်ချစ်သင့်လား၊ ပြန်မချစ်သင့်ဘူးလား၊ သူကဘယ်လိုလူမျိုးလဲ စသဖြင့် မိန်းကလေးတိုင်း တွေဝေတက်ကြပါတယ်။ ချစ်မိလို့ ရွေးခြယ်မိပြီဆိုလဲ ဒီလူငါ့ကို တကယ်မှ ချစ်ရဲ့လား။ ငါချစ်သလောက်ပြန်ချစ်ရဲ့လား စတဲ့အတွေးလေးတွေနဲ့ ရတက်မအေးတက်ကြပါဘူး။ ဒီအတွက် ပျိုမေက ကူညီပြီးဒီဗေဒင်လေးကို ကောက်နုတ်တင်ပြလိုက်တယ်နော်။အလွယ်လေးပါပဲ။ ပထမအဆင့်အနေနဲ့ ကိုယ့်ကို ချစ်စကားပြောလာတဲ့သူရဲ့ နာမည်ကိုဗျည်းတစ်ခုစီရဲ့ နေ့နံဂဏန်းပြောင်းလိုက်ပါ။
နေ့နံ ဂဏန်းကို တော့သိမယ်ထင်တယ်နော်။

ထွက်သွားသူ ပြန်လာစေသောနည်းတစ်ခု

အခုတလော ကျွန်တော်နှင့် ခင်မင်ရင်းနှီးသော မိတ်ဆွေအမျိုးသမီး တော်တော်များများ မိမိတို့၏ အမျိုးသားများ မိမိတို့နေအိမ်မှ ထွက်သွားသဖြင့် အတော်လေး ပူပင်သောက ရောက်နေကြသည်။ ကျွန်ုပ်သည်လည်း ထိုကိစ္စအတွက် နေ့စဉ်အချိန်နှင့်အမျှ စိတ်မကောင်းဖြစ်နေမိ၏။ မြန်မြန်ပြန်လာစေချင်တော့၏။ ယတြာအနေနှင့် တစ်နည်းမဟုတ် တစ်နည်း ပြုလုပ်ပေးချင်မိ၏။ သို့သော် စဉ်းစားစရာ တစ်ခု ရှိနေသည်မှာ အားလုံးသော သူများသည် မြန်မာပြည်မှာ မဟုတ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ရောက်ရှိနေကြ၏။ နိုင်ငံခြားတိုင်းပြည် ဆိုသည်မှာ ယတြာ လုပ်ရသည်မှာ ခက်ခဲလေ၏။

မြန်မာနှစ်သစ် ဟောကိန်း

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်အတွက် နိုင်ငံရေး၊ စီးပွားရေး အပါအ၀င် ကဏ္ဍပေါင်းစုံအတွက် ဆရာ စံဇာဏီဘို၊ နက္ခတ်သိပ္ပံအဖွဲ့နိုင်ငံတကာရေးရာ နက္ခတ်သိပ္ပံသင်တန်းကျောင်း အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုတို့အား တွေ့ဆုံမေးမြန်း ထားသည်များနှင့် သင်္ကြန်စာပါ ဟောကိန်းအချို့ကို စုစည်းဖော်ပြလိုက်ပါသည်။

ငွေမြဲစေသော အဆောင်၊ လာဘ်ရွှင်စေသော အဆောင်၊ ချစ်ကံကောင်းစေသော အဆောင်

ကျွန်တော့်အခန်းမှာ ဗေဒင်လာမေးသော မိတ်ဆွေများကို လက်ဆောင်ပေးဖို့ ထုပ်ထားတာပါ။ အွန်လိုင်းက မိတ်ဆွေများလဲ အဆောင်ဆောင်တာ ၀ါသနာပါတယ်ဆိုရင် ဓာတ်ပုံဆိုင်မှာ သေသေချာချာ ကူးပြီး ပလပ်စတစ်လောင်းပြီး ဆောင်ထားကြပေတော့ဗျို့....

၁၃၇၅ မှာ လုပ်ငန်းစီးပွားကို ဘယ်လိုလုပ်သင့်သလဲ

တနင်္ဂနွေ သားသမီးများသည် ရာထူးတိုးရန် ၊ အလုပ်နေရာကောင်း ၊ အခွင့်အရေးကောင်းများရရန်၊ ဆုထူးဘွဲ့ထူးများ ရရန်နှင့် အလုပ်လျှောက်ခြင်း ၊ အင်တာဗျူးဖြေခြင်း၊ လေလံဆွဲခြင်း၊ အလုပ်နေရာ အိမ်နေရာ အပြောင်းအရွေ့ စသည်တို့၌ အထူးအားပြု ကြိုးစားသင့်ပါည်။

တနင်္လာသားသမီးများသည် နာမည် ဂုဏ်သတင်း ထင်ပေါ်ကျော်ဇောရန်နှင့် လူအမျာ၏ ချစ်ခင်လေးစား ယုံကြည် ကိုးစားမှု့ကို ရရှိရန်နှင့် လက်ရှိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့ရန် စသည်တို့၌ အထူးအားပြု ကြိုးစားသင့်ပါသည်။

၂၀၁၃-ခု၊ မေလအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း

ကျွန်တော် နည်းနည်းလေးနောက်ကျသွားတယ်ဗျာ။ ရှေ့လျှောက်တော့ နေ့တိုင်း တင်ဖြစ်အောင် ကြိုးစားပေးပါ့မယ်ဗျာ...
အခုလအတွက် ဟောစာတမ်းကိုတော့ ဆရာ ဟိန်းတင့်ဇော် (မဟာချိုင်)၏ ဟောစာတမ်း ဖြစ်ပါတယ်။
အားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

လင်းယံခ (မြန်မာစာ) 
 ----------------------------------------------------------------------------------------------
တနင်္ဂနွေသားသမီးများအတွက်
အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။ ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း

သတိပြုရန် - 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်။

ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။

Dear 959330-----, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.

ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။

ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123 ဖြစ်သည်။

အဆိုပါ ၁၅၀၀တန် ဆင်းကဒ် ပျောက်ဆုံးပါက ၂၀၀၀၀ိ/-ကျပ်၊ ပျက်စီးမှုရှိပါက သက်ဆိုင်ရာ ဖုန်းမန်နေဂျာရုံးသို့ ဆက်သွယ်ပြီး အခမဲ့ ပြန်လည်လျှောက်ထားနိုင်သည်ဟု ကြေညာထားပါသည်။အဝင်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန်မလိုဘဲ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အင်တာနက် သုံးစွဲမှုအတွက် တစ်မိနစ်လျှင် ၄ကျပ်ကုန်ကျမည် ဖြစ်ပြီး မကြာမီကာလတွင် အင်တာနက်လျှောက်ထားနိုင်မည်ဟု သိရှိရပါသည်။

၁၅၀၀တန်ဖုန်းသုံးစွဲသူများ အဆင်ပြေကြပါစေ...

လင်းယံခ မြန်မာစာ

၂၀၁၃-ခု၊ ဧပြီလအတွက် (၇)ရက်သားသမီး ကံကြမ္မာဟောစာတမ်း


တနင်္ဂနွေသားသမီးများအတွက်
ဒီလအတွင်းမှ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အချိန်ကာလ သမယပါပဲ။ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စပါတူ ရှယ်ရာ အလုပ်၊ ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ ဆန်ဆီဆေးဆား၊ စက်မှု့၊ စာအုပ်၊ မြေ ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။ အလှူအတန်း မင်္ဂလာကိစ္စများနဲ့လည်း ကြုံကြိုက်ရ တတ်ပါတယ်။ ဘာသာရေး လုပ်သလောက်၊ ကံပွင့်လန်း နေမယ့် ရက်မျိုး ဖြစ်ပါတယ်။ ဆွေမျိုးသားချင်း တွေနဲ့တော့ ပြဿနာ ကြီးကြီးမားမား ဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့ မကောင်းသတင်း တချို့လည်း ကြားရတတ်ပါတယ်။ အထည် ၊ ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့ အတွက်တော့ စိပ်ရှုပ်ခေါင်းစား ရတတ်ပါတယ်။ ချစ်သူရည်စားများ၊ ဆုံးဖြတ်ရခက်တဲ့ အခြေအနေကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေတတ်ပါတယ်။ ထီထိုးမယ်ဆိုရင် (၃၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊ ရင်ဘတ်၊ သတိထားပါ။
ယတြာ....
ညံ့တာတွေပြေပျောက်၊ပြီး ကောင်းတာတွေ ပိုကောင်းလာစေဖို့အတွက် သံဃာတော်များကို ဆပ်ပြာမွှေးရှစ်ခု ကပ်လှူပါ။

ပိတောက်ပန်း

လတန်ခူးပေမို့ အလှထူးပါဘိ
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ ။

တကယ်တန်းသာဖြင့်
ဘယ်ပန်းနော် စံမတူဘု
နန္ဒမူ ဖန်ဂူ ထိပ်မှာလ
ပစ္စေကာ ချွေးတော်သိပ်ရတယ်
အေးရိပ်ဆာယာ ။

မန္တလေး ခံစားချက် ၂ (Mandalay Feeling - 2)


ရွက်ဟောင်းတွေ ကြွေလို့ ရွက်သစ်ဝေလည်း ကျွန်တော် သတိမထားမိခဲ့။ ပြက္ခဒိန်ပေါ်က ရော်ရွက်ဝါတို့ နွေလေရူးနဲ့ တိုက်ကာလွင့်ခဲ့ပေမယ့် ကျွန်တော် သတိမထားမိခဲ့။ အိမ်ရှေ့က ပိတောက်ပင်ထက်ဝယ် ရွှေရည် ဝါလူး ပိတောက်ဖူးမှ တန်ခူးနီးမှန်း သိခဲ့ရသည်။ သြော်...ဘာလိုလိုနဲ့ သင်္ကြန်နီးလာပြီဘဲ ဆိုသော အတွေးနဲ့ ကျွန်တော် ကျုံးဘေးသို့ ဆိုင်ကယ်နဲ့ထွက်လာခဲ့သည်။

မန်းရွှေမြို့ ပတ်လည်တွင် မဏ္ဍပ်များ အစီအရီဆောက်နေကြသည်။ နာမည်တွေပေးထားသည်မှာလည်း အစုံအလင်။ သတိထားမိသည်မှာ မြန်မာဆန်သော နာမည်မတွေ့မိ။ ဘယ်လိုဘဲဆိုဆို သင်္ကြန်ဆိုသည်မှာ မြန်မာလူမျိုးတို့ရဲ့ ရိုးရာပွဲတော်ထဲတွင် အထင်ရှားဆုံးပွဲတော်တစ်ခုပင်။

ကျန်းမာရေးအတွက်...အတူတူမအိပ်သင့်တဲ့အရာ (၄) မျိုး

Photo: ~ကျန်းမာရေးအတွက်...အတူတူမအိပ်သင့်တဲ့အရာ (၄) မျိုး~

၁) နာရီဝတ်ပြီးမအိပ်ပါနဲ့...

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်…နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ဝတ်ဆင်ပြီးအချိန်ကြာကြာအိပ်ခဲ့ရင်သင့်ရဲ့ကျန်းမာရေးကိုဆိုးကျိုးတွေအများကြီး ဖြစ်လာစေနိုင်ပါတယ်တဲ့….ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..

၂) အမျိုးသမီးများ ဘရာဝတ်ပြီးမအိပ်ပါနဲ့...

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂ နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါက ရင်သားကင်ဆာဖြစ်နိုင်ချေအလွန်မြင့်မားကြောင်းသိရပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ချိန်မှာတော့ ဘရာ ချွတ်ပြီးအိပ်သင့်ပါတယ်။

၃) ဖုန်းနဲ့အတူတူမအိပ်ပါနဲ့...

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေးဒါမှမဟုတ်အနီးအနားမှာထားခြင်းကိုအားမပေးပါဘူး..တစ်ချို့ကဖုန်းကို နိုးစက်အနေနဲ့အသုံးပြုတတ်ကြပါတယ်….အဲ့ဒီလိုသုံးရင်လည်းဖုန်းကိုမိမိနဲ့ဝေးနိုင်သမျှဝေးဝေးမှာထားသင့်ပါတယ်.…ပညာရှင်များကလျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်းအပါအ၀င် တယ်လီဗေးရှင်းစက်များဟာ အသုံးပြုနေတဲ့အခါမှာသံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေပြခဲ့ကြပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကိုအနှောက်အယှက်ပေးစေနိုင်ပါတယ်..ဒါကြောင့်ဖုန်းကိုအိပ်ရာဘေးမှာထားအိပ်မယ်ဆိုရင်တောင်ဖုန်းကိုပိတ်ထားသင့်ပါတယ်…..

၎) မိတ်ကပ်လိမ်းပြီးမအိပ်ပါနဲ့...

ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာအရေပြားကိုဆိုးကျိုးဖြစ်စေနိုင်ပါတယ်…မိတ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့် အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့စေပြီးဝက်ခြံတင်းတိပ်အစရှိတဲ့အရေပြားပြသာနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်….အိပ်ချိန်ကို ပြည့်ပြည့်၀၀နဲ့ နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင်ပြီးမှအိပ်စက်ကြပါ.
(note copy via richelleko)
နှင်းဆီဖူးလေးများ-Love BUDS
https://www.facebook.com/loveBUDS.6
photo credit to original uploader
photo fr'google
၁) နာရီဝတ်ပြီးမအိပ်ပါနဲ့...

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်မှုအတော်မြင့်မားပါတယ်…နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ဝတ်ဆင်ပြီးအချိန်ကြာကြာအိပ်ခဲ့ရင်သင့်ရဲ့ကျန်းမာရေးကိုဆိုးကျိုးတွေအများကြီး ဖြစ်လာစေနိုင်ပါတယ်တဲ့….ဒါကြောင့်အိပ်တဲ့အခါနာရီကို ချွတ်ပြီးအိပ်ကြပါ..

ပါရမီ ၁၀ ပါး

Photo: *** ပါရမီ ဆယ်ပါး ***

(၁) စွန့်ကြဲပေးကမ်းခြင်း= ဒါနပါရမီ(Generosity giving)

(၂) ကိုယ်ကျင့်တရား ထိန်းသိမ်းစောင့်ရှောက်ခြင်း= သီလပါရမီ(Morality)

(၃) စည်းစိမ်ချမ်းသာကို စွန့်ခွာ၍ တောထွက်ခြင်း= နေက္ခမ္မပါရမီ (Renunciation)

(၄) အရာရာ၌ တတ်သိနားလည်မှုရှိခြင်း= ပညာပါရမီ (Wisdom)

(၅) ကောင်းမှုကိစ္စမှန်သမျှကို သက်စွန့်ကြိုးပမ်းအားထုတ်ခြင်း= ၀ီရိယပါရမီ (Effort)

(၆) သည်းခံခြင်း= ခန္တီပါရမီ (Patience)

(၇) မှန်ကန်ဖြောင့်မှတ်စွာ ပြောဆိုလုပ်ကိုင်ခြင်း= သစ္စာပါရမီ (Truthfulness)

(၈) ရည်မှန်းချက်ကို ဖြည့်ဆည်းရန် စွဲမြဲစွာ မဖြစ်မနေ အာရုံစိုက်၍ ဇွဲရှိရှိရပ်တည်ခြင်း=
အဓိဋ္ဌာန်ပါရမီ (Determination)

(၉) သတ္တ၀ါများအပေါ် ချစ်ခင်ကြင်နာ ကောင်းကျိုးလိုလားခြင်း= မေတ္တာပါရမီ
(Loving-kindness)

(၁၀) ချစ်ခြင်း မုန်းခြင်းကင်း၍ အညီအမျှ ထားနိုင်ခြင်း= ဥပေက္ခာပါရမီ (Equanimity)

မုန်းမြို့သူ(၁) စွန့်ကြဲပေးကမ်းခြင်း= ဒါနပါရမီ(Generosity giving)

(၂) ကိုယ်ကျင့်တရား ထိန်းသိမ်းစောင့်ရှောက်ခြင်း= သီလပါရမီ(Morality)

(၃) စည်းစိမ်ချမ်းသာကို စွန့်ခွာ၍ တောထွက်ခြင်း= နေက္ခမ္မပါရမီ (Renunciation)

မန္တလေး ခံစားချက် (Mandalay Feeling)

 

ကျလိ...ကျလိ…ကျလိ
ချွင်…ချလင်…ချွင်
လေပြေတို့ တိုးဝှေ့လိုက်တိုင်း မန္တလေးတောင်ထက် စေတီမှ ပျံ့လွင့်လာသော သံစဉ်လေးများသည် စီးချက်ညီညီ ကျွန်တော့်နားထဲသို့ တိုးဝင်လာသည်။ ထိုနေ့က ကျွန်တော့်သူငယ်ချင်းမွေးနေ့။ မန်းလေးတောင်တက်ချင်သည်ဆိုလို့ မနက်စောစော နှစ်ယောက်သား ဆိုင်ကယ်နှင့် တက်လာကြသည်။ တပေါင်းနွေမနက်ရောက်သော်ငြားလည်း လေပြေညင်းတို့အထဲဝယ် အအေးဓါတ်က မကုန်သေးကုန်။

တူညီယှဉ်လှမ်း ဘဝလမ်း


တစ်သက် တစ်ဘဝ
ရင်မှာ စွဲစွဲ မခွဲထာဝရ
ချစ်ခြင်းတရား ခိုင်မြဲစွာဖြင့်
နှစ်ကိုယ်တူညီ
လျှောက်လှမ်းကြမည်

ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံ

ဘဝမှာ...
အခက်အခဲများစွာ
အဆင်မပြေမှုများစွာ
နာကျည်းချက်များစွာ
မုန်းတီးမှုများစွာ
ဝေဖန်ခံရတာများစွာ
ဖိနှိပ်ခံမှုများစွာ
များစွာ...များစွာ...များစွာ...
ကြုံတွေ့ရလာတဲ့အခါ
ပြန်လိုချင်မိတာ
ဟိုးငယ်ငယ် မသိတတ်အရွယ်က
ဖြူစင်တဲ့ ကလေးဘဝ...

လင်းယံခ မြန်မာစာ
၂၆.၁၂.၁၂ ၂၃း၄၆မိနစ်

ဝေးမြဲဝေးရာ

အပြစ်မယူခဲ့ပါဘူး
သူ့ရဲ့မအားလပ်မှုတွေကို

မလွမ်းနေခဲ့ပါဘူး
ငါ့ရဲ့စိတ်မှာ အမြဲရှိနေလို့

ဝေးမနေခဲ့ပါဘူး
ကျောချင်းကပ်ကာ နေခဲ့တာမို့

မြင်နိုင်ခွင့်မရှိခဲ့ပါဘူး
မင်းနဲ့ငါ ဆန့်ကျင်ဘက်
ဝေးမြဲဝေးရာ သွားနေခဲ့ပြီမို့....

လင်းယံခ မြန်မာစာ
9/1/2013 9:47

ညီမလေးရေ...

ညီမလေးရေ.....
မှောင်မိုက်နေတဲ့ညတွေမှာ အကိုဟာ
ညီမလေးအတွက် လမ်းပြကြယ်လေးပေါ့...
ချမ်းအေးလှတဲ့ ရက်တွေမှာ
ကိုယ့်ရဲ့အငွေ့အသက်လေးတွေနဲ့
နွေးထွေးစွာ ထားပေးမယ့်သူပါ...
ညီမလေး ပူပြင်းနေချိန်မှာတော့
ကိုဟာ နွေလေရူးလေးပေါ့...
စိတ်ညစ်နေတဲ့ ညီမလေးအတွက် Joker
ပျော်ရွှင်နေတဲ့ ညီမလေးအတွက် မှန်တစ်ချပ်လိုငါ...
ညီမလေးပျော်ရွှင်ဖို့အတွက် မငြင်းဆန်ဝံ့ဘူး
ကိုယ့်အသွေးအသား၊ နှလုံးသားကိုယူ
ညီမအတွက် စတေးဝံ့သူ...

လင်းယံခ

မေရယ်...

မေရယ်
လျှာနဲ့သွားတောင် အခန့်မသင့်ရင်
ကိုက်မိတတ်တာ သဘာဝဘဲလေ…
ဒီလိုပါဘဲ…

ဘဝဆိုတာ စင်းလုံးချောတယ်လို့မှ
မရှိတာကလည်း သဘာဝဘဲလေ…
ကြိုးကြိုးချင်း ညှိရင်တောင်
ဖြေးဖြေးချင်း ဖြည်လို့ရသလို
မင်းနဲ့ကိုယ်ကြားမှာ ရှိတဲ့
နှစ်ဦးသားမှန်တယ်ဆိုတဲ့
ပဋိပက္ခလေးတွေကိုလည်း
ကျေအေးပေးပါလား!
အရင်လို ပျော်ရွှင်ခြင်းတွေကို
မင်းမရှိတဲ့အချိန်မှာ ပြန်လိုချင်မိတယ်.မေရယ်…

လင်းယံခ

အိပ်စက်သူတစ်ယောက်ရဲ့ နှုတ်ဆက်စကား


မှောင်မိုက်မိုက် ညသန်းခေါင်မှာ
လောင်မြိုက်မြိုက် ငါ့ရဲ့အသည်းက
မင်းကို တမ်းတလေနေရဲ့…

ထိန်းမရတဲ့ ငါ့ရဲ့စိတ်ထဲက
အဝေးကိုလွင့်နေခဲ့တာ
ဟိုကမ္ဘာတစ်ဖက်ဆီ…

ချစ်သူ

တစ်နေ့မမြင်ရရင် မနေနိုင်တာမို့
အပြေးကလေး လှမ်းလာမိတယ်။
မင်းရဲ့အပြုံးကို မြင်ခွင့်ရလို့
စိတ်ထဲမှာ ကြည်နူးတယ်။
ချိုသာလှတဲ့ ချစ်သူ့အပြုံးကို
ရင်ထဲမှာ သိမ်းထားလိုက်မယ်။
ပျော်ရွှင်တတ်တဲ့ ကောင်မလေးရယ်
ထာဝရပြုံးနိုင်ပါစေကွယ်...

လင်းယံခ