အာရှကို အမေရိက လိုက်မမီသည့်နေရာ
နာမည်ကြီး ကာတွန်းဇာတ်ကောင် ကြောင်ဂါဖီး (Garfield) အီတလီအစားအစာ
ပတ်စတာကို အမြဲတမ်း ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါးဖို့ စိတ်ကူးနေသည့်နှယ်
မူရင်း ဆောင်းပါးရှင်ကလည်း စာသား text message ပို့ရတာ ကြိုက်လေသည်။
ဗုဒ္ဓဟူးနေ့ (၂၀၁၃ ခုနှစ် မတ်လ ၆ ရက်) က စာသားစာတိုကလေးတွေ ပေးပို့တာ
အနည်းဆုံး အကြိမ် ၁၀၀ ရှိသည်ဆို၏။ ဒါပေသည့် ထိုသို့ စာစကားလုံးတွေချည်း
ပို့ရတာ သူက အားမရသေးပေ။ သူက ဂျပန်ဘာသာ စကားဖြင့် အီမိုဂျိ (emoji) ခေါ်
အရောင်အသွေး စုံလင် ဝေဆာသည့် ချစ်စရာ့ တိရစ္ဆာန်ကလေးတွေ၊ အစားအစာတွေ၊
စကားလုံးများနှင့် ပြောပြ၍ မဖြစ်နိုင်သော အကြောင်းအရာ
စိတ်ကူးစိတ်သန်းများကို ဖော်ပြပေးမည့် ပြုံးစစ မျက်နှာ အမူအရာစုံ
ရုပ်ပုံကလေးတွေ သုံးစွဲရတာ ပို၍ နှစ်ခြိုက်သူပါတည်း။ မကြာမီက သူ၏
မိတ်ဆွေတစ်ယောက်က သူမ နေမကောင်းကြောင်း ပြောပြသည်။
0 comments: