4G ဘယ်လို အလုပ်လုပ်မှာလဲ.....?

4G ဆိုတာက အခုနောက်ပိုင်း နည်းပညာလောကမှာ လူတိုင်း စိတ်ဝင်စားနေတဲ့ ဆက်သွယ်ရေး နည်းပညာတစ်ခုပါ။  4G network ရရှိတဲ့ US တို့ UK တို့လို နိုင်ငံမျိုးတွေမှာဆို user တွေက 4G ရဲ့ အရသာကို သိချင်ကြလို့ သူတို့ရဲ့ smart phone တွေကို 4G support ဖြစ်တဲ့ ဖုန်းတွေကို ပြောင်းကိုင် ကုန်ကြပါပြီ။ ကျွန်တော်တို့နိုင်ငံမှာ အခုဆို 4G ကို စတင် မြည်းစမ်းကြည့်ဖို့ လုပ်ဆောင်နေကြပါပြီ။ နည်းပညာရဲ့ ပြိုင်ဆိုင်မှု လမ်းကြောင်းပေါ်က 4G၊ သူက ဘယ်လို formula တွေနဲ့ တိုက်စစ် ဆင်လာမယ်ဆိုတာ မသိရသေးပေမယ့် သေချာတာကတော့ 3G က support လုပ်ခဲ့တဲ့ မြန်နှုန်းထက် အများကြီး သာပါလိမ့်မယ်။


3G နဲ့ 4G network နှစ်မျိုးစလုံးက IP internet protocol စနစ်ကို အခြေခံထားတဲ့အတွက် သူတို့ နှစ်မျိုးစလုံးရဲ့ imformation တွေ sending, receiving standard တွေကတော့ သူတို့နှစ်ခုရဲ့ ပေါ်ထွက်လာတဲ့ အချိန်ပေါ့။ 3G ကို 2001 မှာ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး၊ mobile network က voice call ပေါ်မှာ အရင် 2G နဲ့ မတူပဲ၊ ကွဲပြားခြားနားတဲ့ စံနှုန်းတစ်ခု အဖြစ်နဲ့ တည်ရှိခဲ့တာပါ။ ဒါပေမယ့် voice call နဲ့ multimedia massaging အတွက် သီးခြား protocols တစ်စုံ 3G မှာ ဘာကြောင့် မရှိတာလဲဆိုတဲ့ မေးခွန်းအတွက်ကတော့ ဖြေဖို့ ဘာကြောင့် မရှိတာလဲ ဆိုတဲ့ မေးခွန်းအတွက်က်တော့ ဖြေဖို့ အကြောင်းပြချက် မရှိခဲ့ပါဘူး။ ဒါပေမယ့် 3G နဲ့ internet သုံးရာမှာတော့ တော်တော်လေး အဆင်ပြေခဲ့ပါတယ်။ ဒါဆိုရင် 4G မှာ ဒီအချက်တွေ ပြည့်စုံသွားပြီပေါ့။ ဟုတ်ပါတယ်။

4G မှာ voice call နဲ့ multimedia massaging အတွက် သီးခြား IP တွေ ရှိလာပါပြီ။ ဒါဘာကို ဆိုလိုတာလဲ ဆိုတော့ data sending နဲ့ receving တွေမှာ အရင်ကထက် ပိုမို မြန်ဆန်ပြည့်စုံလာပြီး၊ လိုအပ်မယ်ဆိုရင် packet switching system ကို အသုံးပြုနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။ Packet switching system ဆိုတာကလည်း telephony system ရဲ့ နောက်ဆုံးပေါ် နည်းပညာဖြစ်တဲ့ circuit switching ဆိုတာပါပဲ။ ဆိုလိုတာက cable တစ်ချောင်းတည်းပေါ်ကပဲ အချက်အလက်တွေ ပို့မယ်၊ ဒါအပြင် ဖုန်းလိုင်းကိုလည်း ဒီ cable တစ်ချောင်းတည်းကပဲ သွားမယ်။

အရင် 3G မှာတုန်းက သူ့အတွက် အရမ်းရှုတ်ထွေးတဲ့ cable ကြိုးတွေကို မိုင်ထောင်ချီ တပ်ဆင်ရတဲ့အတွက် အကုန်အကျ များတယ်။ လိုင်းဆင်တဲ့ အင်ဂျင်နီယာတွေ အတွက်တော့ အရမ်းကို မျက်စီရှုပ်စရာပဲပေါ့။ အခု ဒီ packet switching system VoIP (Voice voer internet protocols) နဲ့ အစပြုထားတာဆိုတော့၊ သင် ဖုန်းပြောနေစဉ် အတွင်းမှာပဲ အခြားတစ်ယောက် (သင်နဲ့ ဖုန်းပြောနေတဲ့ သူမဟုတ်) က သင်တို့ ပြောနေတာတွေကို နားထောင်လို့ ရတာပေါ့။ သင်ဖုန်းပြောနေတဲ့ လိုင်းထဲကို အခြား တစ်ယောက်က ဝင်လာလို့ ရတယလို့ ပြောချင်တာပါ။ data တွေ transmission လုပ်တဲ့ကိစ္စမှာလည်း ဒီအတိုင်းပါပဲ။ ဒီ packet switiching system ဆိုတာက data တွေ sending, receiving ပြုလုပ်တဲ့အခါမှာ မြန်ဆန်စေဖို့ အတွက် သီးခြား network တွေ အများကြီး ဖန်တီးပြီး လုပ်ဆောင်နိုင်တယ် ဆိုတာပါပဲ။ click တစ်ချက်မှာ data တွေ ဘယ်လောက်တောင် transfer ဖြစ်သွားမလဲ စဉ်းစားကြည့်ပေါ့။

Internet protocol ကို သုံးထားတဲ့ mobile phone မှာ ဆိုရင် data တွေအားလုံးကို chop လုပ်ပြီး streamlined packets အဖြစ် ဖန်တီးမယ်။ ပြီးမှ upload လုပ်ရလွယ်အောင် packet တစ်ခုခြင်းစီကို address တစ်ခုစီနဲ့ network တစ်ခုစီ ဖန်တီးပြီး upload လုပ်မယ်။ ဒီ data ဖြတ်သန်းမှု ဖြစ်စဉ် တစ်ခုလုံးမှာ router ဆိုတဲ့ gate တွေကို တစ်ခုချင်းစီ ဖြတ်သန်းသွားဦးမယ်။ စဉ်းစားကြည့်ရအောင်။ speed နဲ့ security အပိုင်းမှာ 3G ထက် လုံးဝကို သာသွားတာ မဟုတ်ဘူးလား။

နောက်ပြီး 4G အတွက် ကုန်ကျစရိတ်ကလည်း 3G ထက် အများကြီး သက်သာတယ်။ optimum cost နဲ့ efficiency အတွက် ရေအောက်ကြိုးတွေ သုံးလို့ရသလို satellite ချိတ်ဆက်မှုတွေ ပါဝင်လာပြီဆိုတော့ 4G ရဲ့ စွမ်းဆောင်နိုင်မှု နယ်ပယ်က အရမ်းကို ကျယ်ပြန့်သွားပြီးပေါ့။ ဒီအချက်အလက်တွေကြောင့် ကမ္ဘာ့နိုင်ငံတိုင်းက 3G network တည်ဆောက်ပြီးတာနဲ့ တစ်ပြိုင်နက် 4G ကို ခြေဦးတည့်ချင်လာကြတာပါ။ တစ်နည်းအားဖြင့် အားသာချက်တွေပေါ့။

နောက်ထပ် 4G က စွမ်းဆောင်နိုင်တာတွေ အများကြီး ရှိနေပါသေးတယ်။ သူ့မှာ ပိုပြီးမြင့်မားတဲ့ capacity နဲ့ ပိုမြန်တဲ့ data rate တွေ ရှိတာကြောင့် user တွေ အနေနဲ့ တစ်ချိန်တည်းမှာပဲ များပြားလှတဲ့ data တွေကို စက္ကန့်ပိုင်းအတွင်း ထိမ်းချုပ်နိုင်မှာပါ။ ဖိုင်ဆိုဒ် အရမ်းကြီးတဲ့ HD ဗီဒီယိုတွေ upload လုပ်တာတွေ၊ resolution အရမ်းမြင့်တဲ့ photo တွေကို download (သို့) share လုပ်တာတွေအပြင် latency ကို လျှော့ချလိုက်မယ် ဆိုရင်တော့ mobile network သုံးနေစဉ် phone call ဝင်လာရင်တောင်မှ lag ဖြစ်သွားမှာ မဟုတ်ပဲ mobile network ပေါ်မှာ snappier respond ဆက်ပြီး ရရှိနေဦးမှာပါ (1 latency= 50 millisec)။ 4G နည်းပညာမှာ electromangnetic spectrum ကို အကောင်းမွန်ဆုံး အသုံးပြုထားတဲ့အပြင် နောက်ဆုံးပေါ် encoding နည်းပညာတွေကိုပါ အသုံးပြုထားတာကြောင့် data တွေကို frequency hertz တိုင်းမှာ bandwidth ကျယ်ကျယ်နဲ့ transfer လုပ်နိုင်ပါတယ်။

ယေဘုယျအားဖြင့်တော့ 4G network user တိုင်းက download speed 10Mbps အထိတော့ မျှော်မှန်းထားကြတာပါပဲ။ ဒါက home internet connection အတွက် ဖြစ်သင့်တဲ့ speed ပါပဲ။ 3G ထက်တော့ အများကြီး သာတာပေါ့။ ဒီလို မြန်နှုန်းမြင့်လာတာ အလွန်ကို ကောင်းတဲ့ ကိစ္စပါ။ တစ်ချို့နိုင်ငံတွေမှာဆို 4G ရဲ့ အမြင့်ဆုံး speed က 50Mbps နဲ့ အထက်တောင် ရရှိနိုင်တာပါ။ အံသြစရာ မကောင်းဘူးလား။

4G မှာ အရမ်းကောင်းမွန်တဲ့ system 3 ခု ရှိပါတယ်။ ဒါတွေကတော့ 1.HSPA+(high packet access) 2.WiMax, wifi ထက် ပိုပြီး ကောင်းမွန်တဲ့ internet စနစ်ပါ။ မြောက်အမေရိကမှာ ဒီစနစ်ကို အဓိက အသုံးပြုပါတယ်။ 3.4G LTE (long time evolution) တို့ပဲ ဖြစ်ပါတယ်။ 4G ရဲ့ မြန်နှုန်းမြင့် speed က ဒီအချက်က 3 ချက်ကြောင့် ရရှိတာ ဖြစ်ပါတယ်။

4G လို့ ပြောပေမယ့် သူ့မှာ 2G, 3G mobile network chip တွေလည်း ပါဝင်နေဆဲပါ။ ဒါဟာ ဘာကြောင့်လဲဆိုတော့ 4G က အရင် network တွေရဲ့ အခြေံ အချက်အလက်တွေ အားလုံးကို ရောနှောလိုကတာ ဖြစ်စေ advance လုပ်လိုက်တာ ဖြစ်စေ ဖြစ်ပေါ်လာတပါ။ သူ့အတွက် သီးသန့် style, သီးသန့် platform ဆိုပြီး မရှိပါဘူး။ အမှန်တော့ သူက လုံးဝ ပြီးပြည့်စုံသွားတဲ့ 3G network တစ်ခုပါပဲ။ သူက အရင် generation တွေထက် data တွေကို sending, receving လုပ်တာ ပိုမြန်တဲ့အပြင်၊ ဒီနေရာမှာ အမှားတစ်စုံတစ်ရာ ပေါ်လာမယ်ဆိုရင်တောင် လူသားတစ်ယောက်ရဲ့ အကူအညီ မလိုပဲနဲ့ သူ့ဘာသာ ဖြေရှင်းနိုင်တဲ့ စွမ်းရည်ကို ပိုဆိုင်ထားတာပါ။

4G ရဲ့ နည်းပညာတွေက တကယ့် နောက်ဆုံးပေါ်တွေပါပဲ။ နောက်ပိုင်းဆို user တွေက 4G support လုပ်တဲ့ deviece တွေကိုပဲ အသုံးပြုလာကြတော့မှာဆိုတော့၊ business man တွေနဲ့ consumer တွေကြား အကျိုးအမြတ် များစွာကို 4G ပါ ဖော်ဆောင်ပေးသွားမယ်လို့ အားလုံးက မျှော်မှန်းထားကြပါတယ်။ ဒါကြောင့် မကြာခင် အချိန်တိုအတွင်းမှာပဲ 4G က နည်းပညာတွေ အားလုံးပေါ်မှာ လွှမ်းမိုးသွားမယ်ဆိုတာ ငြင်းလို့ မရတဲ့ သေချာမှုကြီး တစ်ခုလို ဖြစ်နေပါတော့တယ်။

4G LTE ကို သုံးပြီး ဖုန်းခေါ်မယ် massage ပို့မယ်ဆိုရင် ဘာတွေ ဖြစ်လာမှာလဲ
1. Send Massage :   : multimedia စနစ် မြင့်သွားပါပြီ။ test အပြင် video နဲ့ picture တွေပါ ပို့နိုင်ပါပြီ။
2. Conversion :    : analog data တွေကို digital data တွေအဖြစ် compressed လုပ်ပြီး send သွားတာပါ။
3. data packets :   : compressed လုပ်ထားတဲ့ data တွေကို segment တွေ အဖြစ် ဖန်တီးလိုက်တယ်။ ပြီးတော့ address ကို recover လုပ်တယ်။
4. basic station :    : LTE radio antenna နဲ့ အနီးဆုံး နေရာမှာ ရှိလို့ ပျော်မသွားပါနဲ့။ speed က အရမ်းနီးရင် ထင်သလောက် မရလို့ပါ။
5. Switching centre :   : mobile switching centre က packet တွေကို telephone exchange ထဲ ဖြတ်သန်းစေပါတယ်။
6. telephone exchange :    : နိုင်ငံတကာကို ပို့မယ့် သတင်းတွေကို telephone exchange ထဲ ဖြတ်သန်းစေပါတယ်။
7. Telecommunication tower :    : ဒီနေရာကနေ setellite ပေါ်ကို ကမာပေါ်က သတင်းတွေ ယူဆောင်သွားပေးမှာပါ။ speed ကတော့ roter နဲ့ သက်ဆိုင်တာပေါ့။
8. Satellite station :    : အရမ်းဝေးကွာတဲ့ ဆက်သွယ်မှုတွေ အတွက်တော့ packets တွေကို setellite ကနေတဆင့် submarine cable တွေကို အသုံးပြုပြီး ဆက်သွယ်နိုင်ပါတယ်။
9. Back down the line :    : satellite (သို့) water cable ကနေ packet တွေ transfer လုပ်တဲ့အခါ sending, receiving case တွေက တစ်ကြိမ်တည်းမှာ ဖြစ်ပေါ်နေတာပါ။
10. Receiving massage :    : massage တွေ ပြန်လက်ခံမယ့် device က packet တွေကို decompress ပြန်လုပ်ပြီးမှ လက်ခံတာပါ။

4G mobile phone အတွင်းမှာက...
Radio transceiver
ဒီ transceiver က FM radio နဲ့ transmission တွေကို ကောင်းစွာ ဖန်းယူနိုင်ပါတယ်။

LTE module
ဒီ Avago dual-band LTE duplexer က iphone 5 အတွက် LTE 4G bandwidth တွေကို ဖမ်းယူပေးပါတယ်။

GSM power amplifier
skyworks chip က အရင် 2G, 3G network တွေကို detect လုပ်တဲ့ နေရာမှာ သုံးတာပါ။

CDMA power amplifier
အမျိုးမျိုးသော 3G network တွေကို ဖမ်းယူနိုင်ဖို့ အထောက်အကူ ပေးပါတယ်။

UMTS band chip
TriQuint power amplifier နဲ့ duplexer (2way communication device) က 3G bandwidth တွေ ပိုပြီး ရအောင် ကူညီပေးပါတယ်။

Band 13 power amplifier
ဒီ Band 13 Avago chip က LTE's bandwidth အနည်းဆုံး ရနိုင်တဲ့ ပမာဏအထိ ဆွဲပေးပါတယ်။

သိန်းမြင့်ဝင်း

0 comments: